"သားဆစ်...သားဆစ်ရေ ခဏဆင်းခဲ့့ပါဦး"
"လာပြီဖေဖေ"
အောက်ထပ်ကဖေဖေ့အော်သံကြောင့် လုပ်လက်စတွေပစ်ကာ ကမန်းကတန်းပြေးဆင်းလာရသည်။ လူထက် အသံအရင်ရောက်ဖို့အတွက် ခပ်ကျယ်ကျယ်ကလဲထူးရပါသေးသည်။
"ဖေဖေဘာခိုင်းမလို့လဲ"
"ထိုင်ဦးခဏ"
ဆက်တီစားပွဲမှာ မြေပုံစာအုပ်ကြီးချပြီးဖေဖေက ဘာတွေအလှုပ်ရှုပ်နေမှန်းမသိပေမယ့် စကားအတိုင်းငြိမ်ငြိမ်လေးသာဝင်ထိုင်နေရတယ်။
"သမီးငယ်ရော"
"ကျူရှင်ကအိမ်စာလုပ်နေတယ်ထင်တယ်ဖေဖေ"
"ခဏလောက်သွားခေါ်လိုက်"
အကြောင်းအရင်းကဘာမှန်းမသိပေမယ့် သွားခေါ်ဆိုတော့လဲ သွားခေါ်ရမည့်တာဝန်ရှိတာကြောင့် အပေါ်ထပ်ကိုပြန်တက်ရပြန်တယ်။
စာကိုအာပြဲနဲ့မှမဟုတ်ရင်မကျက်တက်ပါဘူးဆိုတဲ့ ငြိမ်းငြိမ်းစိတ်တိုင်းကျ ဝရံတာနဲ့နီးတဲ့အခန်းကိုအပိုင်စီးထားတာကြောင့် အစွန်ဆုံးကအခန်းမှာငြိမ်းငြိမ်းနေသည်။
ဘုရားစင်ကိုအရှေ့ဘက်လှည့်ထားသည့်အခန်းမှာထားပြီး အဲ့အခန်းရဲ့မျက်စောင်းထိုးကျွန်တော့်အခန်း၊ ပြီးမှ ဝရံတာနှင့်နီးသည့်ငြိမ်းငြိမ်းအခန်းပင်။
"ငြိမ်းငြိမ်း...ငြိမ်းငြိမ်း ဖေဖေခေါ်တယ်"
တံခါးခေါက်နေပေမယ့်ဘာသံမှမကြားရ။ ဒီကောင်မလေး သီချင်းနားထောင်ရင်းအိမ်စာလုပ်နေတာလားမသိပါဘူး။
"ငြိမ်းငြိမ်း"
"ကိုကိုကြီး ဘာလို့တံခါးခေါက်နေတာလဲ"
တံခါးခေါက်နေတဲ့အနောက်ကနေ ပြူးတူးတူးနဲ့လုပ်ကာကြည့်နေတဲ့ငြိမ်းငြိမ်းကြောင့် ခွန်ဆစ်ခမျာ လန့်သွားရသေး။
"ဖေဖေခေါ်တယ်။ ဘယ်တွေလျှောက်သွားနေတာလဲ"
"အိမ်သာ ဟီးဟီး"
တဟီးဟီးနဲ့ရယ်ပြနေတဲ့ ငြိမ်းငြိမ်းကတစ်ခါတစ်လေကျ ပေါတောတောနဲ့။
"လိုက်ခဲ့ ဖေဖေစောင့်နေတယ်"
"လာပြီ လာပြီ"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12