အပိုင်း ၁၈

75 12 4
                                    

"သား ဟိုရောက်ရင်လူကြီးတွေစကားနားထောင်နော်။ သားလေးလေးကိုလဲအမေတို့လိုရိုသေ ပြီးရင်အိမ်မှာအမြင်မတော်တာတွေ့လဲဝင်ကူလုပ်ပေးနော်"

"စိတ်ချပါအမေရဲ့ သားသိပါတယ်"

"ဒီအမေကြီးကသားနဲ့တစ်ခါမှခွဲဖူးတာမဟုတ်ဘူးတော် ပညာတက်ကြီးဖြစ်စေချင်လို့သာပို့ရတာ"

ဒေါ်တင်အေးက နှာတရှုံ့ရှုံ့လုပ်ကာ ပြောလာတာကြောင့်ရာဟုမျက်ဝန်းတွေထဲအရည်ကြည်တို့ငွေ့ရည်ဖွဲ့လာရသည်။

"အမေရာ သားကပြန်မလာမှာကျလို့။ ကျောင်းပိတ်ရင်ပြန်လာမှာပေါ့ဗျ"

"အိုကွယ် စာသာလုပ်ပါ ပြန်မလာလဲအမေကဘာမှမဖြစ်ဘူး။ ငါ့သားလေးစာသင်နေတယ်ဆိုပြီးတွေးရုံနဲ့တင်အမောပြေတယ်"

"ပင်ပင်ပန်းပန်းတွေမလုပ်နဲ့နော်အမေ။ သားမရှိလဲဖြိုးလင်းတို့ကိုအကူညီတောင်းလိုက် သားမှာခဲ့တယ်ရယ်"

"အေးပါကွယ် အေးပါ။ အမေတို့ကဒီအလုပ်တွေနဲ့နေသားကျလာတာကြာပေါ့တော် ဘာမှစိတ်ပူမနေနဲ့ ကိုယ့်စာကိုယ်သာလုပ်"

"ဟုတ် သားဖုန်းဆိုင်တွေ့တာနဲ့ဖုန်းလှမ်းခေါ်လိုက်မယ်နော်။ အမေမအားရင်လဲ သား ကြီးကြီးအေးမာကိုမှာထားလိုက်မယ်"

ဒေါ်တင်အေးကမျက်ရည်တွေကြားထဲကနေရိုးစင်းတဲ့အပြုံးတွေနဲ့ပြုံးကာ သားဖြစ်သူကိုကြည့်ရင်းပီတိတွေဝေဖြာလို့နေသည်။

မော်မော်တို့အိမ်ကကြက်သွန်ပို့တဲ့ကားနဲ့တောင်တွင်းအထိလိုက်သွားရမှာဖြစ်ပြီး တောင်တွင်းကနေတစ်ဆင့် မြို့သစ်၊ မြို့သစ်ကနေမှ မန္တလေးသို့ကားဆက်စီးရမှာဖြစ်သည်။

မော်မော်ကလည်းကျောင်းအပ်ဖို့သွားရတော့မှာဖြစ်တာကြောင့် ကြီးကြီးအေးမာတို့လိုက်ပို့ကြမှာဖြစ်သလို အဲ့ကနေတစ်ဆင့်မန္တလေးကလေးလေးငြိမ်းမောင်တို့အိမ်အထိ အဖေနဲ့အတူအဖော်လိုက်ပေးမှာဖြစ်သည်။

"ဟဲ့ရာဟု နင့်အထုပ်ကနှစ်ထုပ်တည်းလား"

"ငါ့မှာလက်ကနှစ်ဖက်တည်းပါတာလေမော်မော်ရဲ့"

မော်မော်ကခြေဆုံးခေါင်းဆုံးသနပ်ခါးတွေဖွေးနေအောင်လိမ်းထားသလို လက်ထဲမှာလဲကျောက်ပြင်ကြီးပိုက်ထားသေးသည်။

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now