"ကိုကြီးရာဟု အစောကြီးနိုးတာလား"
အဖြူနဲ့အစိမ်းယူနီဖောင်းဝတ်ထားတဲ့ငြိမ်းငြိမ်းက ကြည့်တာနဲ့အလေးချိန်များမှန်းသိသာတဲ့ ကျောပိုးအိတ်ကိုဆွဲလာကာ ထမင်းစားခန်းထဲဝင်လာတယ်။
"ကျောင်းသွားတော့မလို့လား ငြိမ်းငြိမ်း"
"ဟုတ်တယ် ကျောင်းမှာအသင်းတာဝန်ကျလို့လေ ဒီနေ့စောစောသွားရမှာ"
ပါးဖောင်းဖောင်းလေးတွေရှိတဲ့ငြိမ်းငြိမ်းက အစ်ကိုနဲ့ရုပ်ချင်းသိပ်မတူသလိုထင်ရပေမယ့် ကြည်တောက်တောက်မျက်ဝန်းလေးတွေက သေချာကြည့်မှဆင်တူတာဖြစ်သည်။
"မေမေရော ကိုကြီးရာဟု"
"အန်တီထိပ်ကိုစောနကတော့ လေးလေးမြင့်မောင်တို့နဲ့စကားပြောနေတာတွေ့လိုက်တယ်"
"အဲ့တာဆို သမီးသွားရှာလိုက်ဦးမယ်"
လက်ထဲကကျောပိုးအိတ်ကြီးကို နောက်မှီပါတဲ့ထမင်းစားပွဲကခုံမှာပစ်တင်ခဲ့ပြီး ငြိမ်းငြိမ်းကထွက်သွားတယ်။
"ဟော ရာဟု ညကအိပ်ပျော်ရဲ့လား"
လေးလေးငြိမ်းမောင်က ထမင်းစားခန်းထဲဝင်လာကာ ထမင်းစားပွဲထိပ်မှာဝင်ထိုင်ပြီးမေးတယ်။
"ဟုတ်ကဲ့လေးလေး အိပ်ပျော်ပါတယ်ဗျ"
"အစ်ကိုကြီးတို့ကတော့ ညကဗိုက်ပွပြီးအစာမကြေလို့တဲ့လေ အိပ်မရဘူးတဲ့"
အစ်ကို့ကိုကျေးဇူးတင်ရမည်ပင်။ ညကအစ်ကိုတိုက်တဲ့ဆေးကြောင့်သာမဟုတ်ရင် တစ်ညလုံးအိပ်လို့ရမှာတောင်မဟုတ်ပေ။
"ရော့ လေးလေးကိုရေနွေးတစ်ခွက်လောက်ငှဲ့ပေးစမ်းကွာ။ အဟောင်းသွန်ပြီးမှ အသစ်
ထည့်နော်""ဟုတ်ကဲ့လေးလေး"
လေးလေးငြိမ်းမောင်ရှေ့က မတ်ခွက်ကိုလက်နှစ်ဖက်နဲ့ယူလိုက်ပြီး ခွက်ထဲကလက်ကျန်ရေနွေးတွေသွန်ကာ အန်တီထိပ်ပြထားတဲ့ရေနွေးဘူးထဲကနေ လက်ဖက်ခြောက်ခပ်ပြီးသားရေနွေးကြမ်းပူပူကိုငှဲ့ထည့်လိုက်တယ်။
"လေးလေးရပြီဗျ"
"အေးအေး ချထားလိုက်။ မနက်စာစားမယ်လေထိုင်တော့"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12