အပိုင်း ၂၂

73 11 0
                                    

မန္တလေးရဲ့ဆောင်းရာသီစတင်နေပြီဖြစ်တဲ့ဒီဇင်ဘာလနောက်ဆုံးအပတ်က အချမ်းအနေတော်ဖြစ်နေသေးတယ်ဆိုပေမယ့် မနက်ခင်းရဲ့သူရိန်နေမင်းကိုတော့အဖြူရောင်မြူနှင်းတစ်လွှာက အချိန်ကြာကြာဖုံးအုပ်ထားဆဲပါပဲ။စိမ့်နေအောင်မအေးသေးပေမယ့် နေဝင်စောတဲ့ညနေခင်းများနဲ့
ဉာဉ့္ဦးယံမှာတော့ အပူချိန်ကသိသိသာသာကိုကျဆင်းစပြုလာနေပြီဖြစ်သည်။

"ကလေးတွေအနွေးထည်သေချာဝတ်သွားနော် ဆိုင်ကယ်စီးတာလေတိုးမယ်"

အန်တီထိပ်က ထမင်းချိုင့်နှစ်ချိုင့်ကိုလက်သုတ်ပုဝါလေးချီပေးပြီး ကြိမ်ခြင်းလေးထဲ
ထည့်ကာ ပေးလာတယ်။

ပုံမှန်ဆို ကျောင်းစတက်တည်းက ကန်တင်းမှာပဲစားနေကျသားတော်မောင်က လွန်ခဲ့တဲ့အပတ်ကပဲထမင်းချိုင့်ထည့်ချင်တယ်ပြောတာကြောင့် မျက်ခုံးပင်ပင့်မိသွားပြီး ဟုတ်ကောဟုတ်လို့လားသားရယ်လို့ မေးယူရတဲ့အဖြစ်ပါပဲ။ ဒီကလေးကအစားမရွေးပေမယ့် ဘယ်သူနဲ့တူတယ်မသိ ဇီဇာကြောင်လွန်းတာကြောင့် စိတ်ကြိုက်ဝယ်စားဖို့သာမုန့်ဖိုးပေးနေကျလေ။ အခုတော့ဖြင့် ထမင်းချိုင့်သုံး
ချိုင့်တိုးကာပြင်ပေးရတော့ရုံအပြင်မရှိတော့။

ဘာတဲ့ ကိုယ်တော်ချောက မေမေ့ဘုရားစင်အောက်ကချိုင့်အသစ်တွေသုံးမယ့်သူမရှိလို့ သားသုံးပေးတာပါတဲ့လေ။ ဒီလိုပြောလို့မုန့်ဖိုးမယူဘူးလားဆိုတော့မဟုတ်ဘူး လက်ကလေးကလည်း အချိန်မှန်ဖြန့်သေး။

"မေမေသွားပြီ"

လူကအိမ်ရှေ့ရောက်မှအမေကိုနှုတ်ဆက်ဖို့သတိရတယ်။

ဆောင်းရာသီမနက်ခင်းကဘယ်လောက်ပဲအေးမြနေပါစေ မြို့နေလူထုကိုတော့
မတွန်းလှန်နိုင်။ ချမ်းအေးတဲ့ပတ်ဝန်းကျင်နဲ့ဆန့်ကျင်စွာ လူအတန်းစားမရွေးတစ်နေ့တာကိုလှုပ်ရှားရုန်းကန်ကြရင်း ကိုယ်စီတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရတယ်။

"အစ်ကိုဒီနေ့ကျူတိုရီရယ်ရှိလို့နောက်ကျနေတယ်ဆိုရင် ကန်တင်းမှာစောင့်နေနော်။ အစ်ကိုလာခဲ့မယ်"

"ဒါဆိုကျွန်တော်ထမင်းချိုင့်တွေယူသွားလိုက်မယ်လေဗျ"

"ကောင်းပြီ။ နေ့လည်မှတွေ့ကြမယ်"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now