အပိုင်း ၁၅

85 11 0
                                    

"ဆစ်"

"အင်း။ မေ ပြောပါဗျ"

"မွေးနေ့ဖိတ်ချင်လို့။လာမယ့်အပတ် ကြာသပတေးနေ့က မေ့မွေးနေ့လေ၊ အဲ့တာဆစ်ကိုဖိတ်ချင်လို့"

"လာမှာပေါ့ မေ့မွေးနေ့ပဲဟာ"

"ဒါဆို ဆစ်ဆက်ဆက်လာခဲ့နော်"

"ကောင်းပါပြီဗျ"

လက်တလောမေနဲ့ဆက်ဆံရေးက အရင်ကထက်ပိုကောင်းလာခဲ့သလို သမီးရည်းစားအ
ဆင့်ထိကူးလို့ရနေပြီဖြစ်တဲ့အခြေအနေဖြစ်နေပေမယ့် ဒီအနေထားမှာပဲနောက်ဆံတင်းပြီးရပ်နေခဲ့မိသည်။

မေ့ဘက်ကလဲ စိတ်ဝင်စားဟန်ပြနေပေမယ့် စိတ်ထဲမှာတစ်ခုခုကနေရာဝင်ယူနေသလိုဖြစ်နေတာကြောင့် ရှေ့မတိုးရဲသလို နောက်မဆုတ်ရဲတဲ့အခြေအနေကြီးဖြစ်နေခြင်းဆိုတာတော့ ကိုယ်တိုင်သာအသိပါ။

မကြာခင် စာမေးပွဲ​ဖြေရတော့မည်ဖြစ်ပြီး qualifiedဝင်ရင် Btechဘွဲ့အတွက်နောက်ထပ်ဆက်တက်နိုင်မည်ဖြစ်တာကြောင့် အခုတလောစာနဲ့သာလုံးပန်းနေရတဲ့အချိန်တွေကခပ်များများရယ်ပါ။

အရင်ကလို အရေးမကြီးတဲ့အတန်းချိန်တွေဆိုပြီးလစ်လို့မရတော့ဘဲ စာမေးပွဲပြင်ပကရမယ့်အမှတ်တွေအတွက် လက်တွေ့ချိန်တွေပါအသေအချာလိုက်လုပ်နေရသည်။

"ဟေ့ ခွန်ဆစ် ညနေလိုက်မလား"

"ဘယ်လဲတေဇ"

"ထုံးစံအတိုင်းအအေးဆိုင်ပေါ့"

"ဘယ်ဆိုင်လဲ နဂါးရိပ်သာနားကလား"

"မဟုတ်ဘူး သုဓမ္မာဇရပ်တန်းဘက်ပေါ့"

"သွားလေ လိုက်မယ်"

သုဓမ္မာဇရပ်နားလေးမှာ အေးအေးဆေးဆေးထိုင်ပြီး အနားယူလို့ရမယ့် အအေးဆိုင်တွေပေါတာကြောင့် ပုံမှန်မြို့ထဲကအအေးဆိုင်တွေလောက်လူမရှုပ်သလို၊ သမီးရည်းစားအတွဲတွေအကြိုက်နေရာပင်ဖြစ်သည်။

ညနေခင်းလို့ပြောသော်ငြား ကျောင်းကနေတန်းသွားတာကြောင့် ယူနီဖောင်းတောင်မလဲနိုင်တော့ဘဲ အတွဲခုံတွေကြား သုံးယောက်သားထင်းထင်းကြီးဖြစ်နေပါရော။

"ငါတို့ မန္တလေးတောင်မတက်တာကြာပြီနော်"

"အေးကွာ ကောင်မလေးနဲ့သွားတာလဲမရှိဘူး အချင်းချင်းလဲမသွားဖြစ်နဲ့"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now