မနေ့ညကခရီးပန်းပန်းနဲ့အိပ်မယ်ဆိုကာမှ ရေချိုးခန်းထဲကရေတတောက်တောက်ကျနေတဲ့အသံတွေရော၊ ကြမ်းခင်းပေါ်ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ခြစ်နေတဲ့အသံတွေကြောင့် မအိပ်ရဲတော့တာနဲ့ ရာဟုအခန်းထဲပြေးဝင်ပြီးအိပ်လိုက်တာ ကတောက်ကဆဖြစ်ထားတာတွေဘယ်ရောက်သွားတယ်မသိပါ။
အခုမနက်နိုးလာတော့ အိပ်ရာရဲ့တစ်ဝက်လောက်ကိုကိုယ်ကယူထားပြီး ဟိုကောင်လေးကကုတ်ကုတ်ကပ်ကပ်လေးအိပ်နေရာရှာတော့ အားနာမိသွားတယ်။
စောင်တစ်ထည်တည်းကိုတိုးဝှေ့ကာအိပ်နေတာကြောင့် တစ်ယောက်ကိုယ်ငွေ့နဲ့တစ်ယောက်ကနွေးနေပြန်တယ်။ စောင်ကိုသေချာခြုံပေးပြီး အသံမထွက်အောင်ခပ်ဖွဖွထတော့ အအိပ်ဆက်တဲ့ကောင်လေးကနိုးလို့လာပြန်ရော။
"နိုးသွားတာလား ပြန်အိပ်ဦးလေ"
"ရတယ်အစ်ကို မနက်ကြီးလင်းပြီမှတ်လား"
"အင်း...ရာဟု"
"ဟုတ် အစ်ကို"
"မနေ့ကအော်မိသွားလို့ အစ်ကိုတောင်းပန်တယ်နော်။ စိတ်ပူသွားပြီး အစ်ကိုစဥ္းစားတာနည်းနည်းလိုသွားတယ်"
"ရပါတယ် အစ်ကိုကတာဝန်ယူပြီးလိုက်ပို့တာကို အဲ့လိုဖြစ်သွားတော့ အစ်ကိုလဲဘယ်စိတ်မတိုဘဲနေမလဲ"
"ညက ပေးအိပ်တာကျေးဇူးပဲ"
သရဲကြောက်တဲ့ကိစ္စပြောမထွက်တဲ့ခွန်ဆစ်ငြိမ်းက ဟိုဟိုဒီဒီပြောပြီးနေရခက်နေသလိုပုံစံမျိုးနဲ့အခန်းထဲကဦးအောင်ထွက်သွားသည်။
ဒီအရွယ်ကြီးကျမှသရဲကြောက်တက်တာလူသိကုန်တဲ့အဖြစ်ရယ်ပါ။
ဒီနေ့မန္တလေးပြန်ဆင်းမှာဖြစ်တာကြောင့် တေဇကကားယူသွားကာဆီဖြည့်ပြီး သူပါမန္တလေးပြန်လိုက်မှာပင်။ ဒါကြောင့်မနက်ခင်းမှာ ရထားလုံးငှားပြီးမြို့မစျေးသွားကာ မနက်စာစားရင်း ဒေသထွက်ကုန်အိမ်ပြန်လက်ဆောင်တွေဝယ်မယ်လို့စိတ်ကူးထားသည်။
"ညီ ပြီးပြီလား"
ကိုယ်လက်သန့်စင်ပြီးပြင်ဆင်ကာ အိမ်ရှေ့မှာရှိတဲ့ပန်းတွေကိုကင်မရာတစ်လုံးနဲ့ ဟိုဟိုဒီဒီလိုက်ချိန်ရင်း အိမ်ထဲကထွက်လာတဲ့ပုံရိပ်လေးက အနားမှာအပြုံးလေးနဲ့လာရပ်တယ်။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12