"ကိုလေး ဒီနေ့ကျောက်ကားမှာထားသေးလို့လားဗျ"
တောင်ကုန်းအောက် လှမ်းလှမ်းကြည့်နေတဲ့ ဆိုက်ကြပ်ကလေး ခွန်ဆစ်ငြိမ်းက ဆောင်းထားတဲ့လျှာထိုးဦးထုပ်ကို ဆွဲချလိုက်ပြီး လက်ထဲက လယ်ဂျာစာအုပ်ကြီးကို အရှက်ပြေလှန်ကြည့်လိုက်တယ်။
"သဲကားပဲ မှာထားတာ"
"အခုချတဲ့ တစ်စီးပြီးရင် ပြီးပြီပေါ့ ကိုလေး"
"ဟုတ်တယ်"
မကွေးကနေ ညကားနဲ့လိုက်ခဲ့မယ်ဆိုတဲ့ကောင်လေး ဖုန်းရပြီးတာနဲ့ တန်းပြီးသွားကြိုလိုက်ချင်ပေမယ့် ဒီနေ့အတွက် သဲကားသုံးစီးဝင်ဖို့ရှိတာမလို့ ဒီနေရာမှာမရှိလို့မဖြစ်။ ဖေဖေကိုယ်တိုင်သွားကြိုပေးပေမယ့် တောင်ကုန်းပေါ်တက်လာမယ့် ကားလေးကိုမျှော်ရတာ အခါခါ ပါပဲ။
"ကိုလေး သဲချပြီးသွားပြီ။ပြေစာလေးဖြတ်ပေးပါဦး"
သဲတို့၊ကျောက်တို့က လက်ငင်းရှင်းတာမဟုတ်ဘဲ အပတ်ရှင်းနဲ့ဖြစ်တာကြောင့် ကားဆရာနဲ့ပြေစာတစ်ယောက်တစ်ရွက်ယူထားရသလို စာရင်းလဲသေချာမှတ်ပေးရတယ်။အခုက တိုင်ထောင်တော့မှာဖြစ်တာကြောင့် ပုံရိုက်သူကရိုက်၊ သံချည်သံကွေးဝင်သူကဝင်နဲ့ တော်တော်လေးကို အလုပ်များတဲ့နေ့ပင်။
မနက်ဖြန်၊ သဘက်ခါ တိုင်အပြီးလောင်းဖို့ ရာထားပေမယ့် ရာသီဥတုအခြေအနေက ကြိုတင်တွက်ဆလို့မရတာကြောင့် အကုန်လုံးကိုတွန်းနေရတယ်။
လက်ကနာရီကိုငုံ့ကြည့်လိုက်တော့ ၁၀နာရီတောင်ခွဲတော့မယ်။ ၉နာရီလောက်တည်းက ဖေဖေနဲ့ ငြိမ်းငြိမ်း ထွက်သွားတာ ပြန်မလာသေးပုံထောက်ရင် ကားအဝင်များနောက်ကျလေသလား မသိ။
တကယ်ဆို မန္တလေးထိကားစီးသွားရမှာ
ပေမယ့် ကြိုမယ့်သူမရှိနဲ့ယောင်လည်လည် ဖြစ်နေမှာရော တစ်မိသားစုလုံးက ဒီမှာရောက်နေတာကောဆိုတော့ ကျောက်ဆည်မှာပဲဆင်းခိုင်းရတော့တယ်။သဲချပြီးသွားတဲ့ထော်လာဂျီ ထွက်သွားတာနဲ့ မိနစ်ပိုင်းလောက်အကြာမှာပဲ ဟွန်းတီးသံနှစ်ချက်နဲ့အတူ ကားအစိမ်းရောင်လေးကအင်ဂျင်သံပြင်းပြင်းနဲ့ တောင်ကုန်းလေးပေါ်တက်လို့လာတယ်။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12