ကျောင်းတက်တာတစ်လတိတိပြည့်တဲ့နေ့မှာတော့ ရွာကအမေ့စီကဖုန်းလာတယ်ဆိုပြီး အန်တီထိပ်က မှန်တစ်ထပ်၊ခလုတ်တစ်ထပ်ပါတဲ့ ဖုန်းအမဲလေးကိုကိုင်ကာလာပေးလာတယ်။
"သားအမေစီကတဲ့"
လက်မှာချွေးတွေဘာတွေပေနေမှာဆိုးတာကြောင့် အင်္ကျီအဖျားလေးနဲ့သုတ်လိုက်ရင်း ဖုန်းကိုလက်နှစ်ဖက်နဲ့ယူကာနားထောင်လိုက်တော့ တစ်ဖက်ကစကားပြောသံတွေကြားနေရတယ်။
"အမေ"
"အေးတော် သားလေးလား။ အမေပါ အမေ ငါ့သားနေကောင်းရဲ့လားသိချင်လို့အမေလှမ်းဆက်လိုက်တာ"
အမေ့သံကြားတော့ရင်ထဲမှာလုံခြုံနွေးထွေးသွားသလိုခံစားလိုက်ရပြီး ထွက်လာတဲ့အသံတွေပါအနည်းငယ်တုန်ယင်မိသွားတယ်။
"သားနေကောင်းပါတယ်။ အမေကောနေကောင်းရဲ့လားဗျ။ လယ်ထဲဆင်းမနေနဲ့ဦးနော် စာရင်းငှားတွေကိုပဲလိုချင်သလိုလုပ်ခိုင်းလိုက်ဗျ"
"အေးပါတော် ကျုပ်သားလေးကကိုယ့်ကိုကိုယ်ဂရုစိုက် ဒီမအေကြီးကိုပူမနေနဲ့ဟုတ်ပြီလား"
"ဟုတ်ကဲ့အမေ။ အဖေကောနေကောင်းရဲ့လား"
"ကောင်းပါ့တော်။ နို့ပုလင်းသွားကောက်နေတယ်လေ။ သား ပိုက်ဆက်လိုလေးလား။ကျောင်းတွက်လိုတာဆိုကပ်စေးနဲမနေနဲ့ ဝယ်လိုက်နော် အမေလူကြုံနဲ့ထည့်ပေးလိုက်မယ်။ ပြီးတော့သူငယ်ချင်းတွေနဲ့လဲတည့်အောင်နေ"
"သားသိပါတယ်ဗျ။ ပိုက်ဆက်ကမလိုပါဘူးအမေရဲ့။ သားလိုရင်ပြောပါ့မယ်ဗျ"
"အေးအေး။ မင်းနှမမိမော်တော့ သူ့အမေစီကိုကျောင်းအတွက်လိုအပ်တာတွေကစျေးကြီးလို့ဆိုပြီးညည်းနေတော့တာပဲ။ မင်းလဲလိုရင်ပြောနော်သား။ ကိုငြိမ်းမောင်တို့စကားကိုလဲနားထောင်။ လူကြီးတွေကိုနိုင်တာဝင်ကူလုပ်ပေးချေ"
"ဟုတ်ကဲ့အမေ။ သားကျောင်းပိတ်လို့ပြန်လာရင် အမေ့အတွက်ဒီကထူးဆန်းတဲ့မုန့်တွေဝယ်လာခဲ့မယ်နော်"
"အမေကထမင်းစားရင်ဖြစ်ပါတယ်။ အဲ့ဟာတွေလဲစားတက်ပါဘူးတော်"
"အမေ့ကိုစားကြည့်စေချင်လို့ပါဗျ"
"အေးကွယ်အေးကွယ်။ စာတွေကောလိုက်နိုင်ရဲ့လား။ အမေကတော့ငါ့သားလေးဉာဏ်ကောင်းတာသိပြီးသားတော်"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12