"အယ် ရာဟု အစောကြီးပဲ"
ဝေဝါးနေတဲ့မျက်လုံးတွေကိုသေချာပွတ်ပြီး တိုင်ကပ်နာရီကိုပြန်ကြည့်လိုက်တော့ မနက်၅နာရီပင်ရှိသေးသည်။
"အန်တီထိပ်နိုးသွားတာလားဗျ"
"အန်တီကဆွမ်းချက်ဖို့ထလာတာ။သားကရော အစောကြီးရှိသေးတာကို နိုးနေပြီလား ကျောင်းသွားဖို့အဝေးကြီးလိုသေးတာကို"
"ဟိုလေ အန်တီထိပ်ကျောင်းသွားရင်ထမင်းထုပ်ထည့်သွားချင်လို့ သားကိုထမင်းနည်းနည်းလောက်ပေးလို့ရမလားဟင်။ ထမင်းကြမ်းလဲရတယ်ဗျ"
"ဪ ဒီကလေးနှယ် ထမင်းချိုင့်ကိုထမင်းကြမ်းထည့်သွားတော့နေ့လည်ထိခံပါ့မလား။ထမင်းချိုင့်ထုတ်ချင်တယ်ဆိုအန်တီထိပ် ငြိမ်းငြိမ်းထမင်းချိုင့်ပြင်ရင်း ထည့်ပေးလိုက်မယ်"
"ဒါဆိုသားဘာကူလုပ်ပေးရမလဲဟင် အန်တီထိပ်ခိုင်းချင်တာခိုင်းလို့ရပါတယ်"
"ကဲလာ ဒါဆိုလဲကုသိုလ်ရအောင် အန်တီနဲ့ဆွမ်းကူချက်ချေ"
"ဟုတ်ကဲ့ဗျ"
ဆွမ်းကူချက်ဖို့အတွက် အသီးအရွက်ရေဆေးတာကအစ လှီးတာဖြတ်တာအထိသေချာစနစ်တကျနဲ့ကျွမ်းကျွမ်းကျင်ကျင်လုပ်သွားတာကြောင့် အချိန်မြန်မြန်ပင် ဆွမ်းအတွက်ပြင်ဆင်လို့ပြီးသွားသည်။
"အိမ်မှာလုပ်နေကျလားသား"
"ဟုတ် ဟင်းကြီးတွေတော့မလုပ်တက်ပေ
မယ့် အရန်ဟင်းတော့ကောင်းကောင်းချက်တက်ပါတယ်ဗျ""ကြည့်ပါဦး သားလိမ္မာလေးပဲ။ အိမ်ကသားအစ်ကိုကတော့ ကြည့်ပါလား အိပ်တုန်း။ ကျန်တာသာကူပေးတာ မီးဖိုချောင်နဲ့ပတ်သက်ရင်သူစားချင်တာပဲလုပ်တက်တယ်"
"နောက်ဆို သားကူလုပ်ပေးပါ့မယ်ဗျ"
"ကျောင်းကတစ်နေကုန်တက်ရမှာ ပင်ပန်းကပန်းနဲ့"
"လယ်အလုပ်လောက်တော့မပင်ပန်းပါဘူးဗျ။ သားလုပ်နိုင်ပါတယ်"
"ကဲလာ အန်တီနဲ့ပဲပြုတ်သည်စောင့်ရအောင်"
"ဟုတ်ကဲ့ဗျ"
စတီးဇလုံနှစ်လုံးကိုင်ကာအိမ်ရှေ့ထွက်လာတော့ နေရောင်ပင်မမြင်ရသေးပေ။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12