"ရှမ်းထမင်းစားနိုင်လား"
"စားတော့မစားဘူးပေမယ့် ကျွန်တော်ကဘာနေနေရတယ်ဗျ အစ်ကိုအဆင်ပြေတဲ့နေရာသာသွားပါ"
"အင်း ဒါဆိုတက်လေ အစ်ကိုတို့ထမင်းဆိုင်သွားကြတာပေါ့"
အစ်ကိုကလမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တဲ့အထိ ဒီမြို့လေးနဲ့ရင်းနှီးပါတယ်။ ဘယ်နေရာဘာရှိတယ်ကအစ ဘယ်လမ်းကနေမောင်းရင် ဘယ်နေရာရောက်တယ်အထိ လမ်းမမေးရဘဲကောင်းကောင်းမွန်မွန်မောင်းနိုင်တဲ့အစ်ကိုက သိပ်ကြည့်ကောင်းလွန်းတယ်။
အစ်ကိုကကျောင်းမှာကောင်မလေးတွေ ဝိုင်းနေမှာ ကျိ်န်းသေပါပဲဗျာ။
"မိသားစုနဲ့လာရင် တရုတ်ဆိုင်တို့ ဗမာထမင်းဟင်းကောင်းကောင်းရတဲ့ဆိုင်တွေမှာပဲအစားများတာ။ သူငယ်ချင်းတွေနဲ့ကျ စျေးနည်းနည်းနဲ့ကောင်းကောင်းစားချင်တော့ ဒီလိုဆိုင်မျိုးတွေကအံကိုက်ပဲ"
အစ်ကိုကတစ်လမ်းလုံးမပျင်းရအောင် စကားတွေပြောလာပေးတာကြောင့် တစ်နေရာနဲ့တစ်နေရာအကူးအပြောင်းက ခဏလေးလိုပင်။
"ဘယ်နှစ်ယောက်လဲ"
"နှစ်ယောက်ဗျ"
အစ်ကိုဝင်သွားတဲ့ဆိုင်လေးက နေ့လည်စာစားချိန်မို့လူတွေကစားပွဲဝိုင်းအပြည့်စည်ကားနေသလို ဟင်းတွေထည့်ထားတဲ့မှန်ကောင်တာကြီးနားမှာလဲ ဟင်းမှာနေတဲ့သူတွေကအများသား။
"အသားဟင်းနှစ်မျိုး အသီးအရွက်သုံးမျိုးရမယ်"
မှန်ကောင်တာအနောက်ကအဒေါ်ကြီးက သူ့အကန့်နဲ့သူလုပ်ထားတဲ့ စတီးပုံစံခွက်ပန်းကန်ထဲမှာ ထမင်းဖြူထည့်ရင်း ဟင်းအမှာကိုမေးလာတယ်။
"ကြက်သားကဘယ်ဟာလဲဗျ"
"ဒီဘက်တစ်ခြမ်းကအကုန်ကြက်သားပဲ"
အစ်ကိုကအရှေ့ကနေဦးဆောင်ပြီးမှာပြီးသွားတာကြောင့် ကျွန်တော့်အလှည့်ရောက်လို့လာတယ်။
ဟင်းအမျိုးပေါင်းများစွာထဲက ဘာကိုရွေးရမလဲ ကျွန်တော့်မှာအတော်စဥ္းစားရခက်ပါတယ်။ ရွာမှာဆို အသားဟင်းတစ်ခွက် အရည်သောက်တစ်ခွက်နဲ့အတို့အမြုပ်ပဲစားနေကျဆိုတော့ ဒီလောက်ဟင်းတွေအများကြီးကိုအခက်တွေ့တာကမဆန်းပါ။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12