"ဟဲ့ ရာဟု သရဲမြင်နေတာလား နေခင်းကြောင်တောင်ကြီး"
"ဟာ မဟုတ်ပါဘူး"
တအံ့တဩနဲ့ငေးနေရင်းမှဘေးနားကဝင်ပြောလာတဲ့မော်မော်ကြောင့် ရာဟုမှာ ဘာလုပ်ရမယ်မသိတော့။
"အစ်ကိုက သရဲနဲ့တူလို့လား"
"ဟာ မဟုတ်ဘူးအစ်ကို မဟုတ်ဘူးနော်"
"လာပါ ထိုင်ပါဦး။ အိမ်ရှင်ကမတ်တပ်ရပ်နေရတာမကောင်းဘူးလေ"
ခပ်တိုတိုညှပ်ထားတဲ့နားထင်ကဆံပင်ဒေါက်ကလေးကနေစီးကျနေတဲ့ချွေးစတွေနဲ့အတူ မြင်းခေါင်းစွတ်ကျယ်ချိုင်းပြတ်လေးနဲ့ကောင်လေးက အခုမှပင်ပင်ပန်းပန်းအလုပ်ပြီးလာပုံရသည်။
"အင်္ကျီလဲဝတ်လိုက်ပါလားညီ ချွေးအအေးပတ်သွားဦးမယ်"
"အေးရာဟု ဗလပြမနေနဲ့ အင်္ကျီသွားလဲဦး"
ခဏနော်ဆိုကာ လှေကားထစ်ကျယ်ကျယ်နဲ့ အိမ်ပေါ်ပြေးတက်သွားတာ လွှားခနဲပဲ။
"အဲ့လိုပဲကိုကြီးကိုဆစ် ရာဟုလောက်အလုပ်များတာရာဟုပဲရှိတယ်"
"အစ်ကိုတို့အချိန်အခါမဟုတ်လာမိပြီထင်တယ်"
"အဲ့လိုမဟုတ်ပါဘူး ကိုကြီးကိုဆစ်ရယ် သူကိုက အလုပ်နဲ့လက်ပြတ်သွားရင်မနေတက်တဲ့အမျိုး"
"သားယောကျာ်းလေးဆိုတော့ အားကိုးရတာပေါ့ မော်မော်ရယ်"
တွေ့တဲ့အင်္ကျီခပ်မြန်မြန်လဲဝတ်လာပုံရတဲ့ အိမ်ရှင်လေးက ကပြာကယာပဲမျက်စိရှေ့ပြန်ရောက်လာ၏။
"ငါကနင်လာမယ်ထင်ပြီးမျှော်နေတာ နောက်တော့ကိုကြီးကိုဆစ်လဲ နင့်အိမ်ရောက်ဖူးချင်တယ်ဆိုလို့ ခေါ်လာလိုက်တာ"
"အားနာလိုက်တာအစ်ကိုရယ် အိမ်ကအစ်ကိုတို့အိမ်တိုက်ကြီးလောက်မကောင်းဘူးဗျ"
"ဘာဖြစ်လဲ သဘာဝအတိုင်းလေးရှိနေတဲ့ အိမ်လေးတွေကတိုက်တွေထက်တောင်အေးချမ်းသေးတာကို"
"သီတင်းကျွတ်ပြီးရင်တော့ ရာသီဥတုကအေးပြီ ကိုကြီးကိုဆစ်ရဲ့။ ဒီနှစ်မှမိုးခေါင်တယ်ထင်ပါရဲ့ ပူလိုက်တာဆိုတာ နေ့လည်နေ့ခင်းဆိုသွပ်မိုးအောက်မှာမနေနိုင်ဘူး"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12