အပိုင်း ၃၁

77 11 0
                                    

"ဆရာမ ဝင်ခွင့်ပြုပါခင်ဗျ"

စီနီယာကျောင်းသားအုပ်စုက အတန်းထဲကဆရာမကိုခွင့်တောင်းပြီးတာနဲ့ ချက်ချင်းပဲဝင်လာကြတာကြောင့် ပထမနှစ်လေးတွေက အူကြောင်ကြောင်လေးတွေဖြစ်လို့သွားတယ်။

"ညီလေးတို့ ညီမလေးတို့မင်္ဂလာပါ။ အစ်ကိုက ကျောင်းအားကစားအသင်းရဲ့ဥက္ကဌ စတုတ္ထနှစ် လျှပ်စစ်အင်ဂျင်နီယာဌာနက ကိုလွင်မိုးမောင် လို့ခေါ်ပါတယ်။အခုမိုးရာသီလဲရောက်ပြီဆိုတော့ အစ်ကိုတို့ နည်းပညာကျောင်းရဲ့ မိုးရာသီအားကစားပွဲတော်အတွက် ညီလေး၊ညီမလေးတို့ စိတ်ဝင်စားမယ့် အားကစားများရှိမယ်ဆိုရင် အစ်ကို့ကိုစာရင်းတစ်ခါတည်းပေးလိုက်လို့ရသလို အတန်းခေါင်းဆောင်ကနေတစ်ဆင့်လဲ စာရင်းပေးလို့ရပါတယ်"

"ဘယ်အားကစားအမျိုးအစားတွေ ပါတာလဲခင်ဗျ"

"အစ်ကိုတို့လက်တလော ရာထားတာကတော့ ဘောလုံး၊ပိုက်ကျော်ခြင်း၊ဘော်လီဘော၊ကြက်တောင်ရိုက်၊စားပွဲတင်တင်းနစ် ဆိုပြီးလုပ်ထားပေးပါတယ်"

"အစ်ကို ညီမတို့မိန်းကလေးတွေကလဲ ဒီအားကစားပဲလား"

"မေဂျာတစ်ခုမှာ မိန်းကလေးအသင်း၊ယောကျာ်းလေးအသင်းဆိုပြီးတော့ခွဲထားပေးပါတယ်။ တကယ်လို့ပါဝင်တဲ့မိန်းကလေးအင်အားနည်းတယ်ဆိုရင် အစ်ကိုတို့က မေဂျာစုံအုပ်စုလိုက်အသင်းဆိုပြီးလုပ်ပေးသွားဖို့ စီစဥ္ထားပါတယ်"

ကျောင်းသား လေး၊ငါးယောက်လောက်က ချက်ချင်းပဲစာရင်းပေးလာသလို၊ တချို့ကတော့စဥ္းစားချင်သေးလို့ ဘယ်အချိန်စာရင်းနောက်ဆုံးထားပေးရမလဲ ဆိုပြီးမေးလာကြတယ်။ပထမနှစ်လေးတွေဖြစ်တာကြောင့် သူတို့ရဲ့ ပထမဦးဆုံးကြုံတွေ့ရမယ့် အားကစားပွဲတော်ကို စိတ်လှုပ်ရှားကြတာတော့အမှန်ပဲ။

တခြား အတန်းတွေစာရင်းကောက်ရင်ကျ ဒီလောက်ထိ အသေးစိတ်ရှင်းပြနေစရာလဲမလိုသလို၊အတန်းခေါင်းဆောင်တွေကို ခေါ်ပြီးပြောလိုက်ရုံနဲ့တင် အဆင်ပြေပြေပြီးသွားကြတယ်။

အားကစားအသင်းထဲပါတဲ့ စီနီယာငါးယောက်အဖွဲ့က ပထမနှစ်တွေကို တစ်ခန်းဝင်တစ်ခန်းထွက် စာရင်းလိုက်ကောက်ရင်း ကျောင်းအနောက်ဖက်မှာလက်တွေ့လုပ်နေတဲ့အကြီးတန်းတွေ တွေ့တော့ စာရင်းဝင်ကောက်ရင်း ဟိုဟိုဒီဒီစကားစမြည်ဝင်ပြောကြပြန်တယ်။

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now