"မောနင်း ကိုကိုကြီး"
မနေ့ညကအိပ်ယာဝင်နောက်ကျသလို လမ်းတော်တော်လျှောက်လိုက်ရတာကြောင့် ညောင်းပြီးအိပ်ပျော်သွားတာ မနက်တော်တော်နဲ့မထနိုင်ပေ။
အခုလဲနောက်ကျမှနိုးတာကြောင့် ရေမိုးချိုးပြီး ထမင်းစားခန်းထဲဝင်လာတော့ ငြိမ်းငြိမ်းကထမင်းစားပွဲမှာထိုင်နေရာကနေ လှမ်းနှုတ်ဆက်တယ်။
"မုန့်လုံးရေပေါ်တွေပါလား"
အုန်းသီးဖတ်တွေဖုံးနေတဲ့မုန့်လုံးရေပေါ်တွေကို ငြိမ်းငြိမ်းကခရင်းနဲ့ထိုးကာ တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ အဆက်မပြတ်ထည့်နေတယ်။
"မေမေလုပ်တာလား"
"ဟုတ်ဘူး ဘေးအိမ်ကလာပို့တာ"
ထင်တော့ထင်သား မေမေကအုန်းသီးသိပ်မကြိုက်တက်တာရော တကူးတကခြစ်ထည့်နေရတာကြောင့် ဆယ်ခါ့ရံမှတစ်ခါ မုန့်လုံးရေပေါ်လုပ်စားရင် ဘယ်တော့မှအုန်းသီးမ
ထည့်ပေ။"မနက်စာဘာရှိလဲ"
"မုန့်ဟင်းခါးရှိတယ်အဲ့တာအရင်စားလိုက်ကိုကိုကြီး အုပ်ထဲမှာထည့်ထားတယ်"
"မိုက်လှချည်လား သင်္ကြန်တွင်းမုန့်ဟင်းခါးစားရတာ"
"ကိုကိုကြီးသိလား သူများကုသိုလ်လုပ်တာကိုမကောင်းပြောတာမဟုတ်ပါဘူး ဖွားဖွားချက်တဲ့မုန့်ဟင်းခါးကအကောင်းဆုံးပဲ"
"ဒါတော့ထောက်ခံတယ်"
တစ်အိမ်လုံးကမုန့်ဟင်းခါးဆို အပြင်ကနေဝယ်စားလေ့စားထမရှိပေ။ အိမ်မှာပဲဖွားဖွားချက်ပေးတာကိုသာ ထမင်းလွတ်ဟင်းလွတ်စားကြလေ့ရှိသည်။
အိမ်မှာမုန့်ဟင်းခါးချက်တဲ့နေ့များဆို မနက်မိုးလင်းတာနဲ့ ဖိုးဖိုးပြောသလိုရွှေလက်ဝါးတစ်ပွဲဟေ့ဆိုပြီး ဟင်းရည်အိုးနားတန်းစီနေတော့တာပါပဲ။
အခုတော့မနက်စာကိုသူများကုသိုလ်လုပ်တဲ့ မုန့်ဟင်းခါးလေးစားပြီး မုန့်လုံးရေပေါ်လေးအချိုတည်းရတော့မှာပင်။
"ကိုကိုကြီး မေမေမနက်ဖြန်ငါးလွှတ်ပွဲသွားမလားမသိဘူး"
"ဟုတ်သား ဒီနေ့အတက်နေ့ပဲ။ မနက်ဖြန်မေမေ့ကိုရေကန်တော့ကြရအောင်"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12