အပိုင်း ၁၉

72 13 0
                                    

"သားစစ် ကျောင်းအတွက်လိုတာဝယ်ပြီးရင်ညီလေးကိုယူနီဖောင်းချုပ်ဖို့အပ်ချုပ်ဆိုင်လိုက်ပို့ပေးလိုက်ဦးနော်"

"ဟုတ်မေမေ"

"ရာဟုလေး သားအစ်ကိုနဲ့သာလိုက်သွား သူလိုက်လုပ်ပေးလိမ့်မယ်"

"အလုပ်ပိုစေမိပြီအန်တီထိပ်"

"အမလေးဒီလိုအချိန်ကအမြဲအလုပ်ရှုပ်နေကျ သားအစ်ကိုကျောင်းအပ်တာရော ငြိမ်းငြိမ်းစာမေးပွဲရောနှစ်ခုဆုံတဲ့နှစ်များတော့
အန်တီ့မယ်မနားရပါဘူး။ကိုသောကြာကလည်းသေချာမှာသွားတာ ဂရုစိုက်ပေးမှဖြစ်မှာပေါ့"

ကျောင်းအပ်ပြီးတဲ့နေ့ကပဲရွာပြန်သွားပြီဖြစ်တဲ့အဖေက ဒီချိန်ဆိုကျောင်းအကြောင်းအမေ့ကိုပြန်ပြောနေလောက်ရောပေါ့။

"သွားကြကလေးတွေ ဆောင်းဝင်နေပေမယ့်နေပူရင်သွားရလာရအဆင်မ​ပြေဘူး"

"အာ့ဆိုမေမေ သားတို့သွားလိုက်ဦးမယ်"

"ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းနော်သားစစ်"

"ဟုတ်ကဲ့"

ဂိုထောင်ထဲကဆိုင်ကယ်လေးထုတ်ပြီး နှစ်ယောက်သားဦးတည်တာက စာရေးကိရိယာဆိုင်။

"သေချာကိုင်ထားနော်ညီ"

အစ်ကိုကကိုင်ထားဖို့ပြောခဲ့ပေမယ့် မြန်နှုန်း
မြင့်အရှိန်နဲ့မောင်းနှင်တာမဟုတ်ပဲ လေးတိုးသံလေးတောင်မကြားရတဲ့အထိဖြည်းဖြည်းမှန်မှန်လေးသာမောင်းနှင်လေတယ်။

စာရေးကိရိယာဆိုင်ရောက်တော့ အစ်ကိုကတစ်ခါမှမကြားဖူးတဲ့ခဲတံအမျိုးအစားကို အရောင်းစာရေးအစ်မထံမေးလို့လာတယ်။

"2H နဲ့ 4H ခဲတံပြပေးပါ"

"ဒါကအိန္ဒိယကထုတ်တာ၊ ဒါကတော့တရုတ်ဖြစ်မောင်လေး"

"2B ရောရှိလားဗျ"

"2B လဲရှိတယ်နော်"

"အဲ့တာဆို 2Hနှစ်ချောင်း4Hနှစ်ချောင်း၊ 2B ကတော့တစ်ဘူးပေးပါ။ Drawing paper ရောရှိလားအစ်မ"

"ရှိတယ်မောင်လေး ဘယ်နှစ်ရွက်ယူမလဲ"

"၁၀ရွက်ယူမယ်ဗျ။အောက်ခံဖလင်ပြားကနှစ်ခုထည့်ပေးနော်"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now