ရာသီစက်ဝန်းကတဖြည်းဖြည်းကူးပြောင်းသွားခဲ့တာကြောင့် တစ်ဖန်ပူနွေးတဲ့ရာသီဥတုဘက်သို့ကူးပြောင်းစပြုလာလေပြီ။ ကျောင်းသင်္ကြန်နဲ့အတူ ပထမနှစ်ဝက်စာမေးပွဲကြီးကလည်းပျော်ပျော်ကြီးကပ်ပါလို့လာတယ်။
"ဒီနေ့လက်တွေ့အချိန်ပြီးရင် ငါတို့စာကြည့်ချိန်ရပြီပြောတယ်"
သစ်ထူးက အချိန်ဇယားစာရွက်ကိုထုတ်လာပြီး ဘယ်နေ့မှာဘယ်စာလုပ်ရမယ်ဆိုတဲ့အကြောင်း စတင်ပြီးစကားများလာတယ်။
"ရာဟု ငါနဲ့တူတူစာမလုပ်ချင်ဘူးလား"
သစ်ထူးကစိတ်အားတက်ကြွနေတဲ့အကြည့်တွေနဲ့ကြည့်လာတယ်။
"မင်းလဲစာရနေတာပဲကို"
"မင်းကလည်း ငါတစ်ယောက်တည်းဆိုစာတောင်လုပ်ဖြစ်ပါ့မလားမသိ်ဘူး။ အိပ်ယာထဲလူးလှိမ့်နေမိမှာကွ"
"အဲ့တော့ငါကဘာလုပ်ပေးနိုင်မှာမလို့တုန်း"
"ဟာ မင်းနဲ့တူတူစာလုပ်တော့အဖော်လဲရတယ်၊ စာတွေမေးလို့လဲရ ဟော ပျင်းလဲမပျင်းရတော့ဘူးပေါ့ကွာ"
"မင်းကောင်းကျိုးကြည့်ပါပဲကွာ"
"နော်လို့ နော်နော် ငါနဲ့တူတူစာလုပ်ပါနော်။ ငါကျောပိုးဆိုပိုးပါ့မယ်"
"သစ်ထူးရာ ကျောပိုးပြီးဘာလုပ်မှာတုန်း။ ငါကဦးလေးအိမ်နေတာလေကွာ ငါ့ကိုလူကြီးတွေခွင့်ပြုမှရမှာပေါ့"
"ဒါဆိုမင်းဦးလေးကို ငါလိုက်ပြောပေးမယ်လေ"
"ဦးလေးကဒီမှာမရှိဘူးဟ မင်းပြောချင်ရင် အစ်ကို့ကိုသွားပြောမှရမှာ"
"အာ ကိုငြိမ်းကိုပြောရမှာလား။ ကိုငြိမ်းဆိုဖြစ်ပါတယ်ကွာ"
ညနေခင်းကျောင်းဆင်းချိန်ရောက်တော့ အတန်းချိန်စောတဲ့ခွန်ဆစ်ငြိမ်းက ကားနားမှာရပ်ကာစောင့်နေတက်သလို တစ်ခါတလေလည်းသူငယ်ချင်းတွေနဲ့စကားပြောရင်း
စောင့်နေတက်တယ်။ဒီနေ့တော့ပုံမှန်ထက်နောက်ကျနေတဲ့ကောင်လေးကြောင့် သူ့မှာ တမျှော်မျှော်ဖြစ်လို့နေတယ်။
"ပထမနှစ်တွေလက်တွေ့ခန်းဖက်မှာတွေ့လိုက်တယ်။ ရစ်ထုတ်ကြီးနဲ့တွေ့နေလို့နေမှာပေါ့ကွာ"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12