ခွန်ဆစ်ငြိမ်းရဲ့တစ်နေ့တာမှာ လုပ်ငန်းဆောင်တာတစ်ခု တိုးလို့လာတယ်။ စားပွဲတင်ပြက္ခဒိန်ပေါ်မှာ အနီရောင်မှင်လေးနဲ့ အသည်းပုံလေးဆွဲထားတဲ့ ရက်လေးကို တိတ်တိတ်လေးကြည့်ပြီး ပီတိဝေဖြာနေရတဲ့အလုပ်တစ်ခုက ဘယ်တော့မှရိုးသွားတော့မှာမဟုတ်။
တစ်ယောက်ကိုတစ်ယောက် မေတ္တာဝေမျှ နေတဲ့နေ့ရက်တွေက အခုမှလက်ချိုးရေတွက်စပြုနေရပေမယ့် မရေမတွက်နိုင်တော့တဲ့ နေ့ရက်တွေထိ ဒီလူသားနဲ့သာဖြတ်သန်းချင်မိတဲ့ ဆန္ဒလေးကတော့ နှလုံးသည်းခြေမှာ ကိန်းအောင်းလို့နေတယ်။
"ကိုကိုကြီး သမီးကိုဖုန်းပေးဆက်ပါဦး။ နန်းနန်း နဲ့အိမ်စာတိုက်ချင်လို့"
ငြိမ်းငြိမ်း တံခါးဝကနေ ခေါင်းလေးထွက်ပြီးချောင်းကြည့်လိုက်တော့ ကိုကိုကြီးက စာကြည့်စားပွဲမှာထိုင်ပြီး ပြုံးပြုံးကြီးလုပ်နေတယ်။
"လာ ဒီမှာလာယူလိုက်"
"ကိုကိုကြီး သမီး ယိုးဒယားသဘေင်္ာသီးထောင်း စားချင်တယ်။မစားရတာကြာပြီလေနော်"
"မုန့်ကလေးများပူဆာဖို့ဆို ဒေါ်လင်္ကာငြိမ်းလေးက အစ်ကိုကို သိပ်သတိရတာ"
"ကိုကိုကြီး ဝယ်မကျွေးချင်လဲရပါတယ်နော်။ သမီး ကိုကြီးရာဟုနဲ့ပဲ သွားဝယ်လိုက်တော့မယ်"
"ဘာနဲ့ သွားဝယ်မှာတုန်း"
"စက်ဘီးနဲ့လေ။ ကိုကြီးစက်ဘီးနောက်ကလိုက်စီးရတာ အရမ်းစီးလို့ကောင်းတာ"
"သူများသားသမီးကို ခြေတိုအောင်လို့ကွာ။ သွား အခုအိမ်စာလုပ်နေတာမှတ်လား၊ ကိုကိုကြီး ညနေကျရင်ဝယ်လာခဲ့ပေးမယ်"
"သမီးရဲ့ ခြောက်ပေသခင်ကြီးက ဒီနေ့အရမ်းကြည့်ကောင်းနေတာပဲ ဟဲဟဲဟဲ"
မုန့်လဲစားရမယ် လက်ထဲလဲ ဖုန်းရောက်ပြီဆိုတော့ ငြိမ်းငြိမ်းက လှစ်ခနဲ ပြေးထွက်လို့သွားတယ်။
အခန်းထဲမှာမရှိတဲ့ အသည်းပိုင်ရှင်နောက်တစ်ယောက်ကိုရှာဖို့ ထွက်လာခဲ့တော့ ခြံထဲကသရက်ပင်ကြီးအောက်မှာ ဟင်းရွက်တွေသင်ကူနေတာကိုတွေ့ရပြန်တယ်။ ဒီကလေးက တကယ်ပါပဲ အလုပ်မရှိရင်မနေနိုင်ဘူးထင်တယ်။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12