မြစ်ဆိပ်နားက ကစားကွင်းက တကူးတကသွားမှရောက်ဖြစ်တာကြောင့် ငြိမ်းငြိမ်းတို့သူငယ်ချင်းတွေက အတော်လေးပျော်နေကြတယ်။ကလေးတွေကြည့်ပဲ ကားနောက်ခန်းမှာတင်ပေးလိုက်လို့မရတာနဲ့ လူပေါက်စလေးနဲ့တူတူ ကလေးထိန်းလိုက်လုပ်ရပြန်တယ်။
"ငြိမ်းငြိမ်းထိုင်နေဦးနော် ကိုကိုကြီးအရင်ဆင်းမယ်"
မျောက်လိုခုန်ပေါက်ဆင်းမယ့် ကိုယ့်ညီမအကြောင်း ကိုယ်ပဲသိတယ်။ဝတ်ထားတဲ့ ဂါဝန်လေးမှအားမနာ ခုန်ပေါက်ဆင်းချင်နေတာလေ။
နောက်ဖုံးဖွင့်ပေးလိုက်တာနဲ့ ကလေးတွေက ဖိနပ်တွေကိုင်ပြီး သွက်သွက်လက်လက်ဆင်းလာတယ်။ငြိမ်းငြိမ်းက ခုန်ချတော့မယ့်ပုံပြင်နေတာကြောင့် ရာဟု က လက်ဆန့်ထုတ်ကာ ပွေ့ချီပြီးချပေးလိုက်တယ်။
"ခြေထောက်တွေနာကုန်မယ်နော်"
"ကျေးဇူးကိုကြီး"
မေမေက ကလေးအရေအတွက်ကိုရေပြီးတာနဲ့ လက်မှတ်ရုံမှာ လက်မှတ်သွားဖြတ်တယ်။
"ကလေး ၂၀၀၊ လူကြီး ၅၀၀။ ညီဆိုရင်တော့ ၂၀၀ ပဲပေးရမှာ"
"ဘာလို့တုန်းအစ်ကိုရဲ့"
"ဘာလို့ဆို ညီက အစ်ကို့ကလေးလေးမလို့လေ"
"အစ်ကိုဗျာ"
ရှက်နေတဲ့ကောင်လေးရဲ့ ခေါင်းလေးကိုပုတ်ပေးပြန်တော့လဲ ငြိမ်ပြီးခံနေတာပဲ။
"ကလေးတွေ တစ်ယောက်ကို ကြိုက်တာသုံးခုဆော့လို့ရမယ်နော်။ဘယ်ဟာဆော့ချင်ကြလဲ"
"သမီးက သရဲရထားစီးချင်တာ"
"သမီးက မိုးပျံရထား"
"သမီးက တိုက်ကား"
"သမီးက မြင်းကမ္ဘာစီးချင်တာ"
"သမီးက ရေလွှာမိချောင်းစီးချင်တာ"
ကလေးတွေက တစ်ယောက်တစ်ပေါက်နဲ့ ဟိုဟာဒီဟာပြောနေကြတုန်း ရာဟုလက်ကိုဆွဲကာ မြင်းကမ္ဘာနဲ့မျက်နှာချင်းဆိုင်မှာရပ်လိုက်တယ်။
"မြင်းကမ္ဘာထဲဝင်ပြီး မင်းသားလေးလုပ်ချင်လား ညီ"
"ကလေးတွေစီးတာ မဟုတ်ဘူးလားဗျ"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanficချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12