ညှို့ဝန်းနက်(Part-2)

5K 103 7
                                    

Unicode

"ဒေါ်လေး အန်ကယ် သမီးသွားလိုက်ပါအုံးမယ်"

"အေးအေးဟုတ်ပြီ ဂရုစိုက်သွားနော်"

"ငါလိုက်ပို့မယ်"

အိမ်ရှေ့ခြံထဲတွင် ရပ်ထားသောကားအနက်လေးတစ်စီးနားဝယ်

"ကောင်းဆက် နင်ငါ့ကိုတခုခုဖုံးကွယ်ထားတာရှိလား"

"ဟင် မရှိပါဘူး ဘာလို့လဲ"

"ငါ့စိတ်ထဲ အန်ကယ်တို့ဒေါ်လေးတို့တခုခုဖုံးကွယ်ထားသလိုပဲ"

"အွန်း ငါလဲထင်တယ် သေချာတော့မသိဘူး"

"ထားလိုက်ပါတော့ ငါသွားတော့မယ် မနက်ဖြန်ဆေးရုံမှာတွေ့ကြမယ် ဘိုင့်"

"အွန်း ဘိုင့် ဂရုစိုက်‌မောင်းနော်"

ကောင်းဆက်တို့ခြံထဲမှ ကားအနက်လေးတစ်စီးဟာ ထွက်သွားသည့်တိုင် ကောင်းဆက်ထိုကားလေးမျက်စိအောက်ကမပျောက်မီအထိ လိုက်ကြည့်နေပြီး သက်ထားပြောသွားတာကို ပြန်စဉ်းစားနေမိသည်။သူလဲ အမေနဲ့အဖေတို့တခုခုကိုဖုံးကွယ်ထားသလိုခံစားမိပါသည်။ဒါပင်မဲ့ မသေချာသောကိစ္စတခုကြောင့် အတွေးစတို့ကိုဖြတ်လိုက်ရင်း အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။

_

"ရှင် ဒါဘာလုပ်တာလဲ ကျွန်မလက်ကိုလွှတ်ပါ"

"မင်းလေးက အရမ်းလှလို့ ကိုကခင်ချင်လို့ကို မင်းကကိုယ့်စီကနေ ထွက်ပြေးနေတာကို"

"ရှင် မိုက်ရိုင်းလှချည်းလား အခုချက်ချင်းကျွန်မလက်ကိုလွှတ်နော် မဟုတ်ရင်ကျွန်မအော်လိုက်မှာ"

"ဟား ဟား ဟားဟေ့ကောင်တွေကြားလား သူလေးကအော်မှာတဲ့ ကြောက်လိုက်တာ ဟား ဟား အော်လေ မင်းကြိုက်သလောက်အော် မင်းအသံကိုဘယ်သူမှမကြားဘူး အားလုံးက ပွဲတော်ကိုစိတ်ရောက်နေကြတာ"

ကြောက်စိတ်တွေ ဒေါသေတွေလုံးထွေးပြီး ရွှေရည်သစ်မျက်ရည်များပင် ကျလာရပါသည်။ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ ကွဲသွားပြီး ဟိုတယ်ကိုပြန်ရန် သူမတို့ရပ်ထားသည့် ကားစီလျှောက်လာနေစဉ် လူရမ်းကားတစ်စုက သူမကိုနှောင့်ယှက်နေကြခြင်းပင်။

ညှို့ဝန်းနက်Where stories live. Discover now