ညှို့ဝန်းနက်(Part-11)

2.4K 57 4
                                    

Unicode

"မဒီ သမီးရေ ထမင်းလာမစားသေးဘူးလား"

ကောင်းဆက်ပြန်သွားတဲ့နေ့ထဲက အရင်လိုမဟုတ်ပဲ အခန်းတွင်းပဲအောင်းနေပြီး ဘာမှလဲ မေးမရပေ။ဒီနေ့နဲ့ဆို ကောင်းဆက်ပြန်သွားတာ ၁ပတ်လောက်ရှိပြီဖြစ်သည်။

*အကို့မှာ စေ့စပ်ထားတဲ့လူရှိတယ်*
*အကို့မှာ စေ့စပ်ထားတဲ့လူရှိတယ်*
*အကို့မှာ စေ့စပ်ထားတဲ့လူရှိတယ်*
*အကို့မှာ စေ့စပ်ထားတဲ့လူရှိတယ်*

မကြားချင်သော စကားများကိုသာ အထပ်ထပ်အခါခါ ကြားနေရ၍ ပျိုမဒီတစ်ယောက် နားနှစ်ဖက်ကိုအုပ်ကာ ဆက်တိုက်ရမ်းနေရင်း မျက်ရည်များက တာကျိုးသလို ပါးပြင်ပေါ် ကျ‌လာလေသည်။

ငါဘာဖြစ်နေတာလဲ ဘာလို့ဒီလိုတွေဖြစ်နေတာလဲ ငါ ကိုကောင်းဆက်ကိုများကြိုက်နေမိတာလား အကြိမ်ကြိမ်နှလုံးသားကို ငြင်းဆန်ခဲ့ပင်မဲ့ ကိုကောင်းဆက်ပြန်သွားသည့် အချိန်ကစ၍ ချစ်နေမိသည်မှာ ပိုသေချာလာခဲ့သည်။အနေနီးစဉ်အခါက အမြဲတွေ့‌ခဲ့ရသည်မို့ အထူးတလည်ခံစားချက်မျိုးရှိမနေခဲ့ပေ။ဝေးကွာသွားမှ ရင်ဘတ်တစ်ခုလုံးမှာ ဟာတာတာနဲ့ ဖြစ်နေခဲ့သည်။ဒါပင်မဲ့လဲ ဆက်ချစ်ဖို့မဖြစ်နိုင်တော့ပါဘူး ကိုကောင်းဆက်မှာ သဘောကျရတဲ့သူရှိနေပြီတဲ့။ငါရူးနေတာပဲ ကိုကောင်းဆက်က ခင်လို့ညီမလေးလိုဂရုစိုက်ပေးခဲ့တာကို နားလည်မှုတွေလွဲပြီး ရင်တွေခုန်ခဲ့မိတာ။အခုလဲ ငိုနေမိပြန်ပြီ။

တော်ပြီ ငါဆက်မငိုတော့ဘူး။အမှန်တော့ ငိုစရာမျက်ရည်တွေ ခန်းခြောက်သွားခဲ့တာပါ။ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ပင်မဲ့ မဒီလေ ကိုကောင်းဆက်ကို

"ချစ်တယ်"

ဒီစကားကို ထပ်မပြောတော့ပါဘူး။အကို့ကိုလဲ ဝန်မခံတော့ဘူး။အကို့ကို ချစ်ခွင့်မရလဲ ဆက်တော့သဘောကျပါရစေ။အခုဆိုအကိုစေ့စပ်ထားတဲ့သူနဲ့ ပျော်နေမှာနော်။မဒီလေ ကိုကောင်းဆက်ကို အရမ်းသတိရတာပဲ။

*

"ကောင်းဆက် သက်ထားကို ဘယ်ချိန်ထဲက သဘောကျခဲ့တာလဲ"

"သိချင်တာလား"

"မဖြေချင်ဘူးလား ထားလိုက်တော့ မမေးတော့ဘူး"

ညှို့ဝန်းနက်Where stories live. Discover now