ညှို့ဝန်းနက်(Part-4)

3.1K 74 5
                                    

Unicode

"ကောင်းဆက် သက်ထား‌ရေချိုးခန်းထဲမှာ ချော်လဲတာကားမမောင်းနိုင်လို့ လာခေါ်ပေးပါလား"

"အွန်းကိုယ်လာခဲ့မယ်"

ကောင်းဆက်လဲ ကားတံခါးဖွင့်၍ပင် ကားပေါ်တက်တာ ခြံဝန်းထဲမှ မောင်းထွက်ခဲ့လေသည်။

"သက်ထားစောင့်နေတာကြာပြီလား ဘာလို့‌အောက်ထပ်မှာ ရပ်စောင့်နေတာလဲ အပေါ်မှာပဲစောင့်နေတာမဟုတ်ဘူး ကိုယ်ရောက်ရင်ဖုန်းဆက်မှာပေါ့"

"ရပါတယ် အခုလိုလာခေါ်ပေးတာကို သက်ထားကို အားနာနေရတာ"

"ဟောဗျာ အားနာစရာလဲမဟုတ်ပဲနဲ့ ကဲ တက်သွားရအောင်လေ"

"ဟုတ်"

🌿____🌿

ပျိုမဒီတို့ထမင်းစားခန်းထဲဝယ် မိသားစု စုံ"လင်" ရှိကြပြီး ပျိုမဒီ၏အဖေ ဦးရာဇာမှ စကားစလိုက်လေသည်။

"မင်းမြတ်"

"ဗျာ"

"မင်းအိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလား"

"အဖေတို့ကလဲ သားကိုတွေ့တာနဲ့ မိန်းမပဲ ပေးစားနေကြတာပဲ ရှုပ်ရှုပ်ရှက်ရှက်နဲ့ အခုသားတစ်ယောက်ထဲလဲအဆင်ပြေနေတာပဲကို"

"ဘာကို ရှုပ်ရှုပ်ရှက်ရှက်လဲသားတစ်ယောက်ထဲပဲနေချင်တယ်ဆိုလို့ အမေတို့တွေ သားကိုနှစ်တွေအကြာကြီး ပေးနေခဲ့ပြီးပြီ သားပျော်ခဲ့ရပြီ တစ်ယောက်ထဲနေခဲ့ရပြီ မကျေနပ်နိုင်သေးဘူးလား"

"ဟုတ်တယ်လေဗျာ မကျေနပ်နိုင်ပါဘူး အခုဒီတိုင်းလေးအဆင်ပြေနေတာပဲကို အမေတို့ကဇွတ်ပေးစားနေကြတာ"

"ဒီမှာ ရာဇာမင်းမြတ်မင်းအမေတို့ကို ထပ်ငြင်းဖို့မကြိုးစားနဲ့တော့ ဒီတခါတော့ မေမေသားတောင်းဆိုတာကို လက်မခံပေးနိုင်တော့ဘူး"

"အမေကလဲ"

"ဘာမှ အမေကလဲမနေနဲ့ ဒီမယ်သားမေမေတို့လဲအသက်ကြီးနေပြီ သားနောင်ရေးအတွက် စိတ်ချချင်တယ် အဲ့တာကြောင့် ဟိုဘက်ရပ်ကွက်က ဒေါ်မြညိုရဲ့ သမီးနဲ့မင်းကိုနေရာချပေးတော့မယ်"

"ဟာဗျာ မေမေသားဆန္ဒကိုမမေးပဲ ဘာလို့မေမေတို့ဘာသာ စီစဉ်လိုက်ရတာလဲ သားဒီလက်ထပ်ပွဲကိုလုံးဝလက်မခံနိုင်ဘူးနော်"

ညှို့ဝန်းနက်Место, где живут истории. Откройте их для себя