ညှို့ဝန်းနက်(Part-22)

2.7K 47 2
                                    

Unicode

ကောင်းဆက်ဆေးရုံကအပြန် ညဆိုင်းတွေဆင်းထားရသည်မို့ ပင်ပန်းတာကြောင့် သက်ထားနှင့်အတူကျုံးဘက်သို့သာ ကားကို ဦးတည်ရင်းမောင်းသွားလိုက်သည်။

ကျုံးဘေးတွင်ကားကိုထိုးရပ်လိုက်ပြီး ကားပေါ်မှဆင်းလာတာနဲ့ ကျုံးလေအေးအေးကဖြတ်တိုက်သွားသည်မို့ အပြုံးတခုဖန်ဆင်းရင်း အကြောဆန့်ကာ လေညှင်းခံနေသည်။

သို့သော်ခံစားချက်များဟာ အရင်နဲ့မတူပဲ တခုခုကိုလိုအပ်နေသလို လွမ်းနေသလိုနဲ့ ကောင်းကင်ကိုမော့ကြည့်တော့ "လ"လေးက လုံးဝန်းနေပြီး ကြယ်တွေနဲ့ ဒီကောင်းကင်ကြီးဟာ သိပ်ကိုမှလှပလွန်းပါသည်။ခုံပေါ်မှာ လက်ထောက်ထိုက်ရင်း ကောင်းကင်ကို မော့ကြည့်နေလေသည်။‌

"ကောင်းဆက်"

သက်ထားက သူ၏လက်မောင်းကို ကိုင်ရင်းခေါ်လိုက်သည်မို့ ကြည့်လိုက်တော့  သက်ထားက ဗိုက်ကလေးထိန်းကိုင်ရင်း ထရပ်ကာ

"လမ်းလျှောက်ရအောင် ထိုင်ရတာအဆင်မပြေဘူး"

သက်ထားက ထိုသို့ပြောသည်မို့ ကောင်းဆက်လဲမတ်တပ်ရပ်ကာ သက်ထားကို တွဲရင်း လမ်းလျှောက်လာခဲ့သည်။သက်ထားရဲ့ကိုယ်ဝန်က ၅လလောက်သာရှိသေးပင်မဲ့ အမြွှာပူးမို့ ဗိုက်ကလေးကတော်တော်ပူနေသည်ဖြစ်သည်။

"လန်းဆန်းသွားတာပဲ ဒီရက်ပိုင်းတော်တော်ပင်ပန်းနေတာ"

"အွန်း ကိုယ်ရောပဲ"

"အယ် ဗိုက်ထဲကလှုပ်သွားတယ်"

"ဟင်..ဟုတ်လား"

"စမ်းကြည့်လိုက် ကောင်းဆက်"

ကောင်းဆက်က ဗိုက်ပေါ်တင်စမ်းကြည့်တော့ တကယ်ပဲ လှုပ်ရှားနေတာကို ခံစားမိသည်။

"ဟိတ် ကလေးလေးတွေ"

ကောင်းဆက်ကနှုတ်ဆက်လိုက်တော့ ထပ်ပြီးဗိုက်ထဲကလှုပ်လာသည်မို့ နှစ်ယောက်လုံး အသံထွက်အောင်ထိရယ်လိုက်ကြသည်။

"ဗိုက်ထဲက သားသားလေးလား မီးမီးလေးလား ဒါမှမဟုတ်နှစ်ယောက်လုံးများလား ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ သက်ထားရော စဉ်းစားထားပြီလား"

ညှို့ဝန်းနက်Where stories live. Discover now