Unicode
"အခုအားလုံးလဲ အဆင်ပြေပြီဆိုတော့ ကောင်းဆက်တို့ဘာမှစိတ်မပူပါနဲ့တော့"
"သက်ထား...အန်တီတို့ကိုတောင်းပန်လိုက်လေ"
"ရပါတယ် သားရဲ့ သက်ထားကတမင်လုပ်တာမှမဟုတ်တာပဲဘာမှစိတ်ထဲမထားနဲ့တော့"
ကောင်းဆက်က ဘာကိစ္စ မဒီရေနွေးပူလေးလောင်းတာကို ငါ့ကိုဒီလောက် ပြောနေရတာလဲ မုန်းလိုက်တာ အဲ့မဒီဆိုတဲ့မိန်းမကို သူကငါ့ထက်ဘာများသာနေလို့လဲ
သက်ထားစိတ်ထဲက အခဲမကြေဖြစ်နေမိသည်။
"ကလေးတို့ ပြန်ကြရအုံးမှာမလား"
"ဒါပင်မဲ့ မဒီက..."
"သမီးလေးက အဆင်ပြေပါတယ် သားတို့ရယ် မဒီ့ကိုစိတ်ပူမနေပါနဲ့တော့ ကလေးတို့ပြန်တာနောက်ကြနေရင် မိဘတွေစိတ်ပူနေလိမ့်မယ်"
"အိမ်ကို ရွှေရည်ဖုန်းဆက်ပြီးပြောထားပါတယ်"
"အွန်းပါ အဲ့တာဆိုလဲ ကျွန်တော်တို့ပြန်တော့မယ် မဒီ့ကိုလဲ ကျွန်တော်တို့နှုတ်ဆက်သွားတယ်ပြောပေးပါ"
"အန်တီပြောလိုက်ပါ့မယ်"
"ဟုတ် ဒါဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါအုံးဗျ အန်တီတို့မိသားစုက ကျွန်တော်တို့လာတိုင်း စောင့်ရှောက်ပေးနေရလို့ အားတောင်နာနေပြီ"
"မဟုတ်တာပဲ သားရယ် မဒီလေးကိုစောင့်ရှောက်ပေးလို့သာ အန်တီတို့ကပြန်ကျေးဇူးတင်ရမှာ"
"ဟုတ်ကဲ့ပါ"
"သားတို့ ခနလေး အန်တီသားတို့အတွက် အိမ်ပြန်လက်ဆောင်လေးဝယ်ထားတာ ထည့်ပေးလိုက်ချင်လို့"
"အန်တီရယ် အခုတောင်ဒီလောက်အားနာနေပြီကို အိမ်ပြန်လက်ဆောင်ထိ.."
"အားနာစရာမလိုပါဘူး သိပ်များများစားစားလဲ မပါတာမို့ ခနစောင့်"
"ရော့ ဒီမှာ ရွှေရည် လက်ဖက်နဲ့ ကြက်သွန်"
"ကျေးဇူးတင်ပါတယ် အန်တီ"
"မင်းတို့ မိဘတွေကိုလဲ အန်တီတို့က ကျေးဇူးတင်ကြောင်းပြောပေးပါ"
"ဟုတ်အန်တီ ဒါဆို ကျွန်တော်တို့သွားလိုက်ပါအုံးမယ်ဗျ"
"ဂရုစိုက်သွားကြနော်"
YOU ARE READING
ညှို့ဝန်းနက်
Non-Fictionမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...