Unicode
"ကို...ကောင်း...ဆက်"
တစ်လုံးချင်းတီးတိုးရေရွတ်လိုက်တဲ့ ပျိုမဒီ့အသံမှာ တုန်ယင်နေသည်။
"ဪ...ညီမလေး ဧည့်သည်တွေရောက်နေကြပြီကို"
"ကိုကို ဒီမှာ လာထိုင် ညီမလေးမိတ်ဆက်ပေးမယ်...ဒါညီမလေး သူငယ်ချင်းမဒီတဲ့"
"ဟမ်...ပျိုမဒီ ကိုမင်းမြတ်"
"ဟမ် ကိုကိုက သိတာလား ရွှေရည်သူငယ်ချင်းကို"
"သားကြီးနဲ့ မဒီတို့က သိကြတာလား"
"ဟုတ်တယ်...အမေ ကျွန်တော်တောင်ငူမှာနေတုန်းက ကျွန်တော့်ကိုအစစအရာရာဂရုစိုက်ပေးခဲ့တဲ့ မိသားစုလေ"
"ဪ....အေးကွယ် သားကတော့တောင်ငူက ပြန်လာထဲကခနခနပြောပါတယ်ကွယ် အန်တီက သားပြောထဲက သမီးတို့မိသားစုကိုကျေးဇူးတွေတင်နေတာ သားလေးကို အဝေးမှာထားရလို့ အန်တီကစိတ်ပူနေတာလေ"
"ရပါတယ် အန်တီရဲ့"
"မဒီနဲ့ ကိုကိုနဲ့က ဖူးစာများလားနော် တိုက်ဆိုင်မှုတွေတခုပြီးတခုနဲ့တွေ့နေကြတာ"
တကယ်ပဲ ဘယ်လိုတိုက်ဆိုင်မှုတွေများလဲလို့ ရာဇာမင်းမြတ်အံ့ဩမိသည်။လာမိတာမှားပြီလားလို့တောင်ထင်မိသည်။အိမ်မှာနေရင် တချိန်လုံးဆွေးနေလို့ စိတ်အပန်းဖြေဖို့ မန်းလေးခေါ်ကာမှ တည့်တည့်တိုးနေပြီ ညီမလေးရယ် ကိုကြီးတောင်းပန်ပါတယ်။
"ကဲ...ကလေးတွေလဲ ဒီနေ့ခရီးကရောက်တာ ပင်ပန်းနေမှာပေါ့ နားကြတော့လေ"
ဦးကောင်းမြတ်မှ ဝင်ပြောလိုက်လေသည်။
"ဟုတ် အန်ကယ် ရပါတယ်"
"ရွှေရည် လိုက်ပို့မယ် မဒီ ရွှေရည်နဲ့တူတူသွားရအောင်"
"အွန်း"
"ကိုမင်းမြတ်ကိုတော့ ကိုကိုပဲ နေရာလိုက်ပြလိုက်တော့နော်"
"အေးအေး"
"မာမီ ဒယ်ဒီ တာ့တာ..မွ ကောင်းသောညပါ"
"ဟုတ်ပါပြီ အချွဲလေးရယ်"
ရွှေရည့်မေမေတို့ကို နှုတ်ဆက်စကားပြောရအောင်ကို မဒီ့မှာ အားမရှိတော့ပါ။ရွှေရည်ဆွဲခေါ်ရာနောက်ကိုသာ လိုက်သွားမိတော့သည်။ကိုကောင်းဆက်ရယ် အကိုကတော့ မဒီ့ကိုပြန်တွေ့တာကို အေးအေးဆေးဆေးပဲနော်။တကယ်ပဲ ခင်ခဲ့တဲ့ ခနတာက မောင်နှမသံယောဇဉ်ပဲလား?မဒီ့ဘက်ကသာ အကို့ကိုတိတ်တခိုးလေးသဘောကျနေမိတာပါလား။
YOU ARE READING
ညှို့ဝန်းနက်
Non-Fictionမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...