Unicode
"ကိုကောင်းဆက်က နောက်တပတ်ဆို ၂လပြည့်ပြီမလား တာဝန်ပြီးရင် ပြန်တော့မှာပေါ့"
ဘုရားဝတ်ပြုပြီး ဘုရားရင်ပြင်ပေါ်တွင် လမ်းလျှောက်နေရင်းမှ မဒီကမေးလိုက်ခြင်းဖြစ်သည်။
"အင်း....ဘာလို့လဲ မဒီက မပြန်စေချင်သေးတာလား".
"အဲ့လိုရယ်လဲ မဟုတ်ပါဘူး ရင်းနှီးတာ မကြာသေးလို့လေ"
"အော်...ဟုတ်သားပဲနော် စတွေ့တုန်းက မျက်နှာစူပုတ်ပုတ်နဲ့ ဆက်ဆံပြီးဘောက်ဆတ်ဆတ် အမြဲပြောတဲ့ ကောင်မလေးက အခုလိမ္မာလာပြီးပဲ"
"ကိုကောင်းဆက်!"
"ဟောဗျာ တွေ့လား ပြောရင်းကို ဖောက်လာပြန်ပြီ"
"ဟား ဟား အကိုက စတာပါဗျာ အဲ့လိုကြီး မကြည့်ပါနဲ့ ဘုရားပေါ်မှာနော်အခုက ကိုယ့်ထက်အကြီးကိုရန်လုပ်နေလို့ ငရဲကြီးအုံးမယ်"
ကောင်းဆက်က ပြောလိုက်မှ မီးထွက်မတတ် ကြည့်နေတဲ့ ပျိုမဒီအကြည့်တွေက အနည်းငယ်လျော့သွားကာ
"တော်ပြီ အကိုနဲ့စကားမပြောတော့ဘူး"
ပြောပြီး ထွက်သွားတော့ နောက်ကျောပြင်သေးသေးလေးကို ကောင်းဆက်ကြည့်ပြီး ပြုံးနေမိသည်။
"နေ့လည်တောင်ရောက်နေပြီ နွယ်တို့က ဘယ်ရောက်နေကြတာလဲ ရှာတာလဲနှံ့နေပြီကို"
Ring Ring Ring
ပြောနေရင်းမှ မဒီထံသို့ ဖုန်းဝင်လာပြီး ထုတ်ကြည့်လိုက်တော့မှတ်ထားတဲ့ contact ပေါ်က nameလေးက "နွယ်"တဲ့
"ဟယ်လို..နွယ်နင်ဘယ်ရောက်နေတာလဲ"
"မဒီ ဆောရီးပါဟာ နင်နဲ့ကိုကောင်းဆက်နှစ်ယောက်ပဲ ပြန်ရတော့မယ်နဲ့တူတယ်..ငါနဲ့ကိုကိုက ဘုရားဝတ်ပြုပြီး နင်တို့ဆီပြန်လာတဲ့ လမ်းမှာ ငါ့အကိုဝမ်းကွဲနဲ့တွေ့လို့ အဲ့တာငါတို့ကို အမေတို့ဆီခေါ်သွားတာ ငါအခုအိမ်ပြင်လဲထွက်မရဘူး ဖုန်းတောင်နင့်ကိုအကြောင်းကြားရမယ်ဆိုပြီး ခွင့်တောင်းထားလို့ ရတာ....ဒါပဲနော် မဒီ"
တီ...တီ...တီ
ပြန်ဖြေချိန်တောင် မရလိုက်ပဲ ပြောချင်တာပြောပြီး ဖုန်းချသွားသော နွယ့်ကြောင့် ပျိုမဒီကျသွားပြီဖြစ်သော ဖုန်းကိုသာ ငူငူငေါင်ငေါင်ကြည့်နေမိသည်။
VOUS LISEZ
ညှို့ဝန်းနက်
Non-Fictionမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...