ညှို့ဝန်းနက်(Part-14)

2.2K 51 4
                                    

Unicode

"မဒီ"

"ဟုတ်ကဲ့"

"ကိုယ်တောင်းပန်ပါတယ်"

"ရှင် ဘာလို့လဲ ကိုကောင်းဆက်"

"မဒီ့ကို ကောင်းကောင်းဧည့်မခံမိလို့လေ"

"ရပါတယ်"

"နောက်ပြီး မဒီ အကို့ကိုရှောင်နေတာလား"

"မဟုတ်ပါဘူး"

သက်ထားတစ်ယောက် အိမ်ထဲက ထွက်လာချိန်တွင် ခြံထဲမှာ ကောင်းဆက်နဲ့ ရွှေရည့်သူငယ်ချင်းတို့နှစ်ယောက် တူတူရှိနေသည်ကိုမြင်လိုက်ရသည်။ဒီကောင်မလေး အကြည့်တွေက မရိုးပါ။ကောင်းဆက်ကိုဒီကောင်မလေးကြည့်တဲ့အကြည့်တွေကို သက်ထားမကြိုက်ပါ။

"ကောင်းဆက် သွားကြရအောင်လေ အဆင်သင့်ဖြစ်ပြီ"

****
မြို့တော်ဥယျာဉ် ဂိတ်အဝင်ပေါက်တွင် လက်မှတ်များဖြတ်ကာ ကစားကွင်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။

"ဝါးးးးးးးဒီကစားကွင်းကို မရောက်တာကြာနေပြီ တော်တော်ပြောင်းလဲသွားတာပဲ"

"‌ဟုတ်တယ်နော် မမလဲ အမေတို့ဆုံးပြီးထဲက ဒီကိုမလာဖြစ်တော့ဘူး အခုတော့ သက်ထားချစ်ရသူတွေနဲ့ ဒီကိုပြန်လာခွင့်ရခဲ့ပြီး"

ရွှေရည်ပျော်နေတာမြင်ပင်မဲ့ မဒီမပျော်နိုင်ပါ ကိုကောင်းဆက်ရဲ့ မသက်ထားကိုကြည့်တဲ့အကြည့်တွေက မဒီ့ရင်ကို ပူလောင်စေပါတယ်။ဘယ်ဘဝကဝဋ်ကြွေး‌တွေကြောင့် အခုလိုမျိုး ကိုယ်ချစ်ရတဲ့သူက တခြားတစ်ယောက်နဲ့ ကြည်နူးနေတဲ့ အခိုက်တန့်တွေကို မြင်တွေ့နေရတာလဲ။

"မဒီ...မဒီ"

"ဟမ် ဟမ်"

မဒီအတွေးလွန်နေရင်းက ရွှေရည်က ပုခုံးကို လှုပ်ကိုင်လိုက်မှသာ အသိဝင်လာသည်။

"မဒီရယ် ဘာတွေစဉ်းစားနေတာလဲ ငူငူငိုင်ငိုင်နဲ့"

"မစဉ်းစားပါဘူး"

"ဘာလို့လဲ နေမကောင်းဖြစ်လို့လား ဘယ်နေရာက နေလို့မကောင်းလို့လဲဟင်"

"ဟင်...မဒီကနေမကောင်းဘူးလား ဒါကြောင့် မျက်နှာက အရင်လိုမလန်းတာကို အငယ်မနင် မဒီနေမကောင်းမှန်းသိရက်နဲ့ ဘာလို့ခေါ်လာရတာလဲ"

ညှို့ဝန်းနက်Nơi câu chuyện tồn tại. Hãy khám phá bây giờ