Unicode
မနက်ခင်းနေရောင်ခြည်နဲ့အတူ မျက်လုံးတို့ကို အားယူဖွင့်ကြည့်ပြီး အိပ်ရာမှာထရန်ကြိုးစားချိန် တင်းကျပ်စွာဖက်ထားတဲ့ လက်တစ်စုံကြောင့် မဒီ့မှာပြန်၍ တင်းကြပ်စွာဖက်ထားသည့် လက်တစ်စုံ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ထိုလူသား၏ ရင်ခွင်အတွင်းမှ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီအား လက်နှင့်တို့ထိ၍ အလွတ်မှတ်မိနေပါသော အစိတ်အပိုင်းတစ်ခုချင်းစီအား ထပ်မံ၍ မှတ်မိစေရန် ကြည့်နေခဲ့မိပါသည်။ထိုလူသားဟာလေ ဆွဲဆောင်မှုပြင်းတဲ့ မျက်ဝန်းတွေကို မှိတ်ထားရက်နဲ့တောင် ထိုရင်ခွင်က ရုန်းမထွက်နိုင်ရန် ဆွဲဆောင်နိုင်ပါသေးသည်။
မဒီကိုယ်တိုင်ဟာလဲ ထိုရင်ခွင်မှာရုန်းမထွက်နိုင်စွာ ပျော်မွေ့နေသည်မို့ ပို၍မှန်မည်။
"ဟိတ်ကလေးမလေး လူကြီးအိပ်နေရင် ငြိမ်ငြိမ်နေရမယ်ဆိုတာမသိဘူးလား"
"အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့လူကြီးတော့ မပါဘူးမလား"
"ဟဟ အတတ်ကလေး"
ကောင်းဆက် ပေါက်စလေး၏ နှာခေါင်းလေးအား ချစ်စဖွယ် လိမ်ဆွဲရင်း
"ကိုကိုက အရမ်းချောတာပဲလား"
"အွန်း အများကြီးချောတာ စိတ်မချလို့ ရင်ခွင်ထဲမှာ သိမ်းပြီးဖက်ထားချင်တာ"
"အချစ်ကလေးဆန္ဒရှိရင် ဖက်ထားယုံတင်မဟုတ်ဘူး ဝါးပါစားလို့ရတယ်"
"ကိုကောင်းဆက်နော်!"
"ဟားဟား ကိုကိုကစတာပါ စိတ်မကောက်နဲ့နော် ဒီနေ့လျှောက်လည်ရမှာလေ ဆူပုပ်နေရင်မလှပဲနေလိမ့်မယ်"
ဒီနေ့ ကောင်းဆက်ဂျူတီမရှိ၍ ကလေးပေါက်စနှင့် လျှောက်လည်ရန်စဉ်းစားထားသည်။
ရေချိုးပြီးထွက်လာတော့ ကောင်းဆက်ဝယ်ပေးထားသည့် ဇာနက်ပြာရောင်ကိုယ်ကြပ်ဂါဝန်လေးနှင့် လှပစွာထိုင်စောင့်နေသည့် အမျိုးသမီးလေး
"ဟာ...မျက်လုံးလေးကို အေးချမ်းသွားတာပဲ ကိုယ်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့နေမှာ အခုလိုသက်ရှိနတ်သမီးလေးကို မြင်နိုင်တာ"
YOU ARE READING
ညှို့ဝန်းနက်
Non-Fictionမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...