Unicode
နွယ်လေးနဲ့ မဒီတို့စကားပြောလိုက်ကြတာ အချိန်မှာနေ့လည်တောင်ရောက်လို့နေလေပြီ။
"သမီးတို့နေ့လည်တောင်ဖြစ်နေပြီ အိမ်မှာပဲစားသွားပါတော့လား"
"ရတယ် အန်တီ အိမ်မှာအမေက ရွှေရည်တို့လာလို့ ပြင်ထားပြီမလို့"
"အေးပါ အဲ့တာဆိုလဲ နွယ်လေးက သမီးတို့လာမှပဲ အခုလိုပြုံးဖြီးနေတာ အရင်ရက်တွေတုန်းကဆို လင်ပူမိနေသလိုပဲ မျက်နှာမှိုင်ကြီးနဲ့ အခန်းတွင်းပဲအောင်းနေတာ"
"မဒီက ဒီရက်ပိုင်းခရီးထွက်နေလို့ နွယ်လေးကိုပစ်ထားမိသွားတယ် နောက်နေ့တွေကြ မဒီမကြာမကြာလာလည်မယ်နော် ရတယ်မလား အန်တီ"
"ခွင့်တောင်းဖို့မလိုပါဘူး မဒီရယ် ကိုယ့်အိမ်လိုပဲ သဘောထားပါ စိတ်ကြိုက်လာလို့ရတယ်"
"ရေးးးးးးး မဒီမကြာမကြာ လာနော် ငါကနင်မရှိရင်ပျင်းနေတာ ဘယ်မှလဲသွားလို့မရဘူး နင်လာတဲ့နေ့ကြ ငါတို့ခြံထဲမှာ လက်ဖက်သုပ်စားကြမယ်"
"ရွှေရည်ကိုရော မခေါ်ဘူးလား နွယ်လေးက"
"ခေါ်ပါတယ်ရှင့် ရွှေရည် တောင်ငူကို လာလည်ရမယ်နော် ကိုကောင်းဆက်ကဆရာဝန်ဆိုတော့ ကိုကောင်းဆက်တောင်ငူဆေးရုံမှာထပ်တာဝန်ကျရင် လာခဲ့ရမှာနော်"
"ဟုတ်ပါပြီ"
"ကိုကောင်းဆက်ရော အဆင်ပြေတယ်မလား"
ကိုကောင်းဆက်အကြောင်းပြောလိုက်တော့ မဒီမျက်နှာနဲနဲပျက်သွားတာကို နွယ်လေးရိပ်မိသည်။
"ပြေပါတယ် ကိုကိုက ဒါဆို ရွှေရည်တို့သွားတော့မယ် နေ့လည်စာစားပြီးရင် ပြန်တော့မှာဆိုတော့ နောက်ကျနေမှာစိုးလို့"
"အေးအေး ဟုတ်ပြီကလေးတို့ ဂရုစိုက်သွားကြနော်"
"ဟုတ်"
မဒီတို့အိမ်ပြန်ရောက်တော့ အမေက နေ့လည်စာများကိုပြင်ထားလေပြီ။ကြက်သားကာလသားချက်၊ကြက်ချိူချဉ်ကြော်၊ငါးသံပုရာပေါင်း၊အတို့အမြှုပ် တို့စရာအစုံနဲ့ တကယ်ကိုမှ စားချင်စာဖွယ်။
"သမီးတို့ ပြန်လာကြပြီလား ဒီမှာကွက်တိပဲ အမေအခုပဲ သားကြီးကို သွားခေါ်ခိုင်းတော့မလို့"
DU LIEST GERADE
ညှို့ဝန်းနက်
Sachbücherမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...