ညှို့ဝန်းနက်(Part-8)

3.2K 69 4
                                    

Unicode

"သား ထည့်စားလေ စားမကောင်းဘူးလား"

ကောင်းဆက် မဒီတို့မိသားစုနှင့် ထမင်းလက်ဆုံ‌စားနေရင်း ပျိုမဒီအမေမှ မေးလိုက်ခြင်းဖြစ်သည်။

"အော် မင်းကလဲ သားကဧည့်သည်ဆိုတော့ အားနာတာ နေမှာပေါ့ ထည့်ပေးလိုက်လေ"

ပျိုမဒီအဖေမှ ပြောရင်းဆိုရင်း ဟင်းခွက်ထဲမှ ကြက်သားတုံးအကြီးကြီးကို ကောင်းဆက်ပန်းကန်ထဲထည့်ပေးလိုက်သည်။

"ရပါတယ် အန်ကယ်ရဲ့ သားပန်းကန်ထဲမှာ ဟင်းတွေများနေပြီ ထမင်းတောင်မမြင်ရတော့ဘူး"

"စားစမ်းပါ မင်းကတနေကုန် အလုပ်တွေလုပ်နေရတာ ပင်ပန်းမှာပေါ့ အစားစားချိန်မှာတော့ များများစား"

ဒီတခေါက် ပျိုမဒီအဖေပြောစကားမှာတော့ ကောင်းဆက်သစ် အဖြေမပေးဖြစ်တော့ပဲ ပြုံး၍သာ ခေါင်းငြိမ့်ဖြစ်ခဲ့သည်။တောင်ငူမှာ အသိမရှိပဲ စရောက်လာစဉ်က ဆေးရုံမှာပဲ အချိန်ပြည့်နေရသည်မို့ အိပ်ချိန်လောက်မှ အိမ်ပြန်ရောက်သည့် ကောင်းဆက်သစ်အတွက် အဖော်မလိုခဲ့ပေ။နားရက်ရသည့်နေ့များတွင်တော့ အိမ်မှာနေနေရသည့် ကောင်းဆက်သစ်အတွက်တော့ အမှန်တကယ်ပျင်းခဲ့ရသည်မှာ

**

တောင်ငူရှိ မိုးကောင်းတံတားပေါ်တွင် ကားနက်လေးတစ်စီးပြေးလွှားနေပြီး ထိုကားပိုင်ရှင်လေးမှာ ကောင်းဆက်ဖြစ်လေသည်။

အရင်ရက်တွေက မဒီနှင့်နွယ်ပန်းချီတို့သူငယ်ချင်းနှစ်ယောက် မြတ်စောညီနောင်ဘုရားသွားရန် တိုင်ပင်နေကြပင်မဲ့ ဒေါ်မြင့်မဒီက စိတ်မချ၍ပေးမသွားချေ။ဒါကိုသိသည့် ကောင်းဆက်က နားရက်ရတဲ့နေ့ကြ ကျွန်တော်လဲဘုရားဖူးရင်း ညီမလေးတွေကို လိုက်ပို့လိုက်ပါ့မယ်ဟု ပြောသဖြင့် သဘောတူခဲ့ကြခြင်းဖြစ်သည်။

နေ့ရက်တွေ ကြာလာသည်နှင့်အမျှ ပျိုမဒီလဲ ကောင်းဆက်ပေါ် အရင်လိုစိမ်းကားမနေတော့ပေ။အလိုက်သင့်ဆက်ဆံခဲ့လေသည်။

"ကိုကောင်းဆက် နွယ်တို့ ဘုရားဖူးပြီးရင် အပြန်ကြ မိုးကောင်းတံတားမှာ လမ်းလျှောက်ရအောင် မဒီနင်လဲသဘောတူတယ်မလား"

ညှို့ဝန်းနက်Where stories live. Discover now