ညှို့ဝန်းနက်(Part-12)

2.6K 60 2
                                    

Unicode

⏰ Alarm ⏰

စားပွဲပေါ်တင်ထားတဲ့ နှိုးစက်လေးမှာ အချိန်တိကျစွာ မြည်လာသော်လည်း မဒီကတော့ အရင်နိုးနေခဲ့သည်။

ဆောင်းတွင်းမနက်6နာရီပဲရှိသေးသည်မို့ ပတ်ဝန်းကျင်မှာတိတ်ဆိတ်‌ငြိမ်သက်လွန်းသည့်အတွက် အိမ်ကလူများနိုးမသွားစေရန် ခြေသံခပ်ဖွဖွနင်း၍ မဒီတစ်ယောက် အိမ်ရှေ့ထွက်လာခဲ့လေသည်။

"အငယ်မ ဘာလုပ်နေတာလဲ"

ဒန်းစီးနေရင်း ကိုကို့အသံကြား၍ လှည့်ကြည့်လိုက်သည်။

"ကိုကို နိုးနေပြီလား"

"အွန်း ဒါငါထနေကြ အချိန်ပဲကို နင်ကရော အစောကြီး ဒီအရှေ့မှာ တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ ဆောင်းတွင်းကြီး ဒီလောက်အေး‌နေတာကို ရူးနေတာလား အနွေးထည်ရော အနွေးထည်လဲမပါဘူး ဖျားတော့မှာပဲ ဒီကလေးတော့"

"ကိုကို ဒီနေ့အားလားဟင်"

"အငယ်မ နင်ဘာဖြစ်နေတာလဲ မျက်နှာကလဲ အားမရှိတဲ့ရုပ်နဲ့ နေမကောင်းဘူးလား"

"ကောင်းပါတယ် ကိုကိုကလဲ မဒီမေးတာပဲဖြေပါ"

"အွန်း အားတယ် ဘာလုပ်မလို့လဲ"

"မဒီ့ကိုလေ ညနေကြ မိုးကောင်းတံတားကို လိုက်ပို့ပေးပါလား"

"ဘာလုပ်ဖို့လဲ"

"ဒီတိုင်းပဲ မဒီ စိတ်ရှုပ်နေလို့လိုက်ပို့ပါနော်"

"အွန်း ဒါပင်မဲ့ အခုအရင်အိမ်ထဲဝင်တော့ အနွေးထည်လဲသေချာဝတ်ထား ကြားလား မဟုတ်ရင်လိုက်မပို့ဘူး"

"ဟုတ်"

အိမ်ထဲ ပြေးဝင်သွားသော ညီမဖြစ်သူကိုကြည့်ရင်း ရာဇာမင်းမြတ်တစ်ယောက်သက်ပြင်းတစ်ချက်ချလိုက်သည်။ဒီကလေးမလေး ဒီရက်ပိုင်း အရင်လိုမဟုတ်တော့ပါ စိတ်နဲ့လူနဲ့လဲ မကပ်တော့ပေ။ကောင်းဆက်မန်းလေးပြန်သွားပြီထဲက  မှိုင်နေသည်မှာ အခန်းထဲကကိုမထွက်တော့ပေ။အခုလဲ အစောကြီးကို အနွေးထည်မပါပဲ လက်တိုနဲ့ ဒန်းစီးနေသေးသည်။ရူးများသွားပြီလား ငါ့ညီမလေးရယ်။

Time skip

"အငယ်မ ငါနင့်ကိုမေးစရာရှိတယ်"

ဤသည်မှာ မိုးကောင်းတံတားပေါ်တွင် မောင်နှမနှစ်ယောက်လမ်းလျှောက်နေရင်း ရာဇာမင်းမြတ်က ပြောလိုက်ခြင်းဖြစ်သည်။

ညှို့ဝန်းနက်Where stories live. Discover now