ညှို့ဝန်းနက်(Final part)

6.6K 68 7
                                    

Unicode

အချိန်အကြာကြီးရပ်စောင့်ပြီးတဲ့နောက်မှာ အခန်းရဲ့ ထိပ်မှာရှိတဲ့ မီးအနီလေးဟာ ပိတ်သွားတဲ့ ချက်ဆိုတဲ့ အသံနဲ့အတူ အခန်းတံခါးပွင့်လာခဲ့သည်။

"ဆရာ အခြေအနေဘယ်လိုရှိလဲ"

"ကိုကို မဒီရော"

ဆရာဝန်ထွက်လာတာနဲ့အတူ ရွှေရည်တို့လဲရောက်လာခဲ့ကြသည်။

"လူနာက ခွဲစိတ်မှုအောင်မြင်ပါတယ် ‌ဒါမဲ့ ခေါင်းထိထားမလို့ ပြန်သတိရလာဖို့တော့ စောင့်ရအုံးမယ် အခြေအနေက ၅၀/၅၀ပဲမလို့ အများကြီးမမျှော်လင့်ထားရင် ပိုကောင်းပါတယ်"

ဆရာဝန်ရဲ့စကားကြောင့် ကောင်းဆက်ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလိုခံစားရပါသည်။ထို့နောက် nurseမများက တွန်းလှည်းလေးအား တွန်းလာကာ တွန်းလှည်းပေါ်မှာ ပါလာတဲ့ သူကတော့ ငြိမ်သက်စွာ နှုတ်ခမ်းတွေဟာလဲဖြူဖျော့နေလေသည်။

"မဒီ မဒီ ငါတို့ကိုမထားခဲ့ပါနဲ့ ပြန်သတိရလာပါ"

ပြောရင်းရွှေရည်နဲ့နွယ်မှာ ငိုတာတောင်အသံတွေမထွက်တော့သည်အထိ

ကောင်းဆက်ကတော့ ကျောက်ရုပ်ကြီးတစ်ရုပ်လိုငြိမ်သက်စွာ ရပ်နေခဲ့ပါသည်။

‌nurseတွေက မဒီ့ကို အခန်း‌ရွှေ့ပေးခဲ့သည်။VIPခန်းယူလိုက်တာမို့ သူတို့သုံးယောက်အပြင် ဘယ်သူမှရှိမနေပါ။သက်ထားကိုတော့ ကိုယ်ဝန်ကြီးနဲ့မလို့ မပြောပြချင်ပါ။
.
.
.
"မဒီ သတိပြန်ရလာမယ်မလားဟင်"

ကောင်းဆက် မဒီ့လက်ကလေးကိုင်ကာ ပါးနဲ့ကပ်ရင်းပြောနေလေသည်။

"ကို မဒီ့ကိုချစ်တဲ့အကြောင်းတွေ တဝကြီးပြောချင်သေးတယ် မဒီအထင်လွဲနေတာတွေကို ရှင်းပြချင်သေးတယ် မဒီ ကို့ကိုချစ်တယ်ဆို ကို့ကိုပစ်ထားခဲ့တော့မလို့လား ကိုခံစားရတာတွေက မလုံလောက်သေးဘူးဆိုရင်တောင် ကို့ကိုပဲ ကြိုက်သလောက် ထရိုက်လိုက်စမ်းပါ အခုလို တိတ်ဆိတ်နေတဲ့အနေအထားကြီးနဲ့တော့ ကို့ကို မရက်စက်ပါနဲ့ ကိုမခံစားနိုင်လွန်းလို့ပါ ဟိုးးးအရင်ချိန်တွေကလို ကို့ကို ရန်ထမလုပ်တော့ဘူးလား ကိုလေ ဒီရက်တွေထဲမှာ မဒီ့ကိုလွမ်းနေခဲ့တာ ကိုခံစားခဲ့ရပြီးပြီမို့ မလုံလောက်သေးဘူးလား မဒီရယ် ကိုယ်တို့ကို ကံတရားကြီးကဝေးစေချင်နေတာလား ကိုဘာဝဋ်ကြွေးတွေများရှိခဲ့လိုလဲကွာ တော်ပါတော့ ကျွန်တော့်ကိုရက်စက်နေတာတွေ"

ညှို့ဝန်းနက်Where stories live. Discover now