ညှို့ဝန်းနက် (Part-16)

2.7K 53 5
                                    

Unicode

မနက်စာစားပြီးသည်နှင့် ရွှေရည်က မဒီ့အားရွာထဲပတ်ကြည့်ဖို့ ခေါ်ကာပြင်ဆင်နေကြသည်။ကိုကောင်းဆက်ကတော့ မသက်ထားခေါင်းမူးနေသည်ဆို၍ အိမ်မှာပဲနေခဲ့ကြသည်။

ရွာလေးက အေးချမ်းပြီး အပင်တွေနဲ့စိမ်းစိုကာ ဘေးပတ်ပတ်လည်မှာလဲ တောင်တန်းတွေကဝန်းရံနေသည်။

"ရွာလေးက သာယာလိုက်တာ"

"အွန်းနော် စိမ်းစိမ်းစိုစိုနဲ့ အေးချမ်းနေတာပဲ"

"ကျွန်တော့်အတွက်တော့ မဒီက ပိုလှနေသလိုပဲ"

မဒီနဲ့ရွှေရည်တို့နှစ်ယောက်ရွာထဲတွင်စကားပြောနေသည်ကို ဘယ်ကမှန်းမသိရောက်လာတဲ့ ကိုစောဟင်နရီက ရုတ်တရက်ဝင်ပြောလာလေသည်။

"ဟင်...ကိုစောဟင်နရီ ဒီကိုဘယ်လိုရောက်လာတာလဲ"

"ကျွန်တော် အိမ်သွားတော့အဖွားက မဒီတို့အပြင်သွားတယ်ဆိုလို့ ဧည့်ခံဖို့ရောက်လာတာလေ"

ကိုစောဟင်နရီက မဒီကိုကြည့်ပြီး ပြုံးကာဆိုနေသည်ကို ရွှေရည့်မှာကြည့်ပြီး အသဲယားနေသည်။

"ဒီလောက်ပဲကြည့်ပါ ကိုစောဟင်နရီရယ် အကို့မျက်လုံးကြီးလဲ ကျွတ်ပြီး ညီမသူငယ်ချင်းဆီမှာကပ်နေအုံးမယ်"

ရွှေရည်ပြောလိုက်မှ ဂုတ်လေးကိုအရှက်ပြေပွတ်ကာ ပြုံးလိုက်သည်။

"ကဲ ပြောပါအုံး ဘာလို့အဲ့လောက်ကြည့်နေရတာလဲ"

"ကျွန်တော်ဒီရွာမှာနေလာတာကြာပြီ ရွာရဲ့အလှကမပြည့်စုံသလိုပဲ အခုကြမဒီနဲ့ရွာအလှကိုတွဲမြင်လိုက်တော့ ပန်းချီကားတစ်ချပ်လို့ထင်မိသွားလို့ ငေးနေမိတာ"

"ဝိုးးးးး‌ကိုစောဟင်နရီ အပြောတွေကတော့နော် ဟိုမှာ မ‌ဒီမျက်နှာလေး‌ရဲနေပြီ"

တကယ်ပဲ ပျိုမဒီဆိုတဲ့ ကောင်မလေးရဲ့မျက်နှာမှာ ခရမ်းချဉ်သီးလေးလို ရဲနေလေသည်။ဖြူဖွေးတဲ့မျက်နှာလေးပေါ် ပါးမို့မို့နှစ်ဘက်မှာ ရဲနေသည်က အူယားစရာ ကိုက်ပစ်ချင်စရာကောင်းလေသည်။

"ရွှေရည်တို့က မနက်ဖြန်ပြန်တော့မှာလား"

"ဟုတ်တယ် မဒီကတောင်ငူသူလေ ရွှေရည်ကမွေးနေ့ရှိတာမလို့ မန္တလေးကိုအလည်ခေါ်ထားတာ သုံးလေးရက်ရှိပြီ အခုလဲ မဒီနဲ့လည်ချင်သေးတာမလို့ ဒီကိုခေါ်လာတာ အဲ့တာကြောင့် မဒီကိုပြန်ပို့ပေးဖို့လိုတယ်လေ"

ညှို့ဝန်းနက်Where stories live. Discover now