ညှို့ဝန်းနက်(Part-15)

2.5K 47 5
                                    

Unicode

ညှို့ဝန်းနက်

လမ်းမီးဖျော့ဖျော့လေးတွေ လင်းနေတဲ့ လမ်းပေါ်တွင် ကားလေးတစ်စီးသာ မောင်းနှင်နေပြီး ထိုကားလေးသည် ကောင်းဆက်တို့ကားလေးဖြစ်လေသည်။

မကြာမှီအချိန်တွင်းမှာ "တောင်ငူမှ ကြိုဆိုပါတယ်"ဆိုတဲ့ စာလေးကို မြင်တွေ့ရလေသည်။

ထို့နောက် ကားလေးဟာ ပျိုမဒီတို့အိမ်သို့ဦးတည်လျက်

"ကိုကြီး မေမေတို့ကို သေချာပြောပြလိုက်နော်"

"ဟုတ်ပါပြီ မဒီရဲ့ ငါနင့်အကိုပါ နင်တို့သာသွားပါတော့ နောက်ကျနေပြီ နောက်ပြီး ငါတို့အသံတွေနဲ့ အမေတို့နိုးသွားလိမ့်ဟ"

"အွန်းပါ"

"ကဲ သွားကြတော့နော် ရတီ မဒီ့ကို ဂရုစိုက်ပေးပါအုံး"

"စိတ်ချ ကိုမင်းမြတ်"

"ယုံပါတယ် ကောင်းဆက်ဖြေးဖြေးမောင်းနော်..အခုတော့ ညည့်နက်နေလို့ဆိုပင်မဲ့ ပြန်ရောက်တဲ့နေ့ကြရင်တော့ အိမ်ဝင်ရမှာနော်"

"ဟုတ်ကဲ့ပါ"

ထို့နောက် ကားလေးဟာ ကရင်သို့ခရီးဆက်လေသည်။

_/\_

တောင်ငူမှ 1နာရီခွဲ 2နာရ‌ီလောက် မောင်းပြီးချိန်မှာတော့ ကရင်မြို့လေးသို့ ရောက်သွားလေသည်။

"အဖွား"

"မြေးတို့ ရောက်လာကြပြီလား"

ရတီမှာ ကားပေါ်က အပြေးဆင်းကာ အဖွားကို ဖက်ထားလေသည်။

"အဖွား အစောကြီး အိမ်ရှေ့မှာ ဘာလုပ်နေတာတုန်း"

"ညက မင်းတို့အဖေက မင်းတို့ထွက်လာပြီဆိုပြီး ဖုန်းဆက်တယ်လေ..အဲ့ထက်က ငါ့မြေးတွေလာမှာဆိုပြီး စောစောအိပ်ထားတာ မဟုတ်ရင် တံခါးဖွင့်ပေးမဲ့သူမရှိဘူးလေ"

"အဲ့တာများ အဖွားရယ် အိမ်ထဲမှာ ထိုင်စောင့်နေပေါ့ အပြင်ကြီးမှာ တစ်ယောက်ထဲ မိုးတောင် ကောင်းကောင်းမလင်းသေးတာကို"

"ဒီအဖွားကြီးကို ဘယ်သူမှ ဘာမှမလုပ်ပါဘူးအေ"

"ပြောမရဘူးလေ ကျွန်တော်တို့အဖွားက ဒီလောက်ချောနေတာ စိတ်မချပါဘူး"

ညှို့ဝန်းနက်Where stories live. Discover now