ညှို့ဝန်းနက်(Part-10)

2.3K 54 7
                                    

Unicode

"တီမြင့်ရေ ကျွန်တော်လာတယ်"

"အေး သားရောက်လာပြီလား သမီးငယ်ကပြောပါတယ်ကွယ် ဒီနေ့သားမွေးနေ့ဆို"

"ဟုတ်တယ် တီမြင့်"

"ဒါဆိုသားက ညနေကိုပြန်တော့မှာလား"

"ဟုတ်ကဲ့"

"အေးပါကွယ် ဟို‌နေ့ကကိစ္စကိုတီမြင့်ပဲတောင်းပန်ပါတယ်ကွယ် သားကရုတ်တရက်ကြီးပြန်မယ်ပြောတော့ သမီးငယ်က သားကိုခင်တွယ်တာမကြာသေးဘူးလေ အဲ့တော့ ဝမ်းနည်းသွားပြီး သားကိုစကားမပြောတော့တာပါကွယ် သားကပဲမင်းညီမလေးကိုနားလည်ပေးလိုက်ပါ"

"ဟုတ် နားလည်ပါတယ် တီမြင့် ကျွန်တော် ညီမလေးကိုစိတ်လဲမဆိုးဖူးပါဘူး မဒီက ကျွန်တော့်ညီမလေးပဲကို"

"တီမြင့် သိပါတယ်ကွယ်"

"ဦးလေးနဲ့ ကိုရာဇာရောမရှိဘူးလား မတွေ့မိဘူးနော်"

"ဟုတ်တယ်လေ သားရဲ့ ဒီအချိန်ဆို သားအဖနှစ်ယောက်က လယ်ထဲဆင်းပြီ"

"ဒါဆိုလဲ ကျွန်တော် တီမြင့်ကိုပဲကန်တော့လိုက်တော့မယ်"

ပြောရင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချကာ လက်အုပ်ချီထားသော ကောင်းဆက်သစ်ကြောင့် ဒေါ်မြင့်မဒီမှာ ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွားရလေသည်။

"သားရယ် ရပါတယ်ကွယ်"

"မဟုတ်တာ တီမြင့်ရယ် ဒီနေ့ကကျွန်တော့်‌မွေးနေ့လဲဖြစ်တဲ့အပြင် ညနေမန်းလေးပြန်ရတော့မှာဆိုတော့ ကျွန်တော် ကန်တော့သွားချင်လို့ပါ"

"အေးပါ သားရယ်"

ကောင်းဆက်သစ်ကို အေးချမ်းတဲ့အပြုံးလေးများဖြင့်ကြည့်ရင်း ဒေါ်မြင့်မဒီ မျက်ရည်ဝဲလာရသည်။

"ကျွန်တော့်ကို သားတစ်ယောက်လိုသဘောထားပြီးမိဘရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့၊ ကျွန်တော့နားမှာရှိနေပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ကျွန်တော့်ဘက်က ကာယကံ၊ဝစီကံ၊မနောကံတို့နဲ့ ပစ်မှားမိခဲ့ရင် ခွင့်လွှတ်ပါ။"

"ခွင့်လွှတ်ပါတယ် သားရယ် သားကလိမ္မာပါတယ်ကွယ် တီမြင့်တို့ပေါ် ဘာအမှားမှလဲမရှိပါဘူးကွယ်"

ညှို့ဝန်းနက်Donde viven las historias. Descúbrelo ahora