ညှို့ဝန်းနက်(Part-3)

3.4K 83 0
                                    

Unicode

တောင်ငူမြို့ရဲ့ မနက်ခင်းလေးမှာ ချမ်းစိမ့်စိမ့်နှင့် မြူခိုးများအုံ့မှိုင်းလို့နေလေသည်။ပျိုမဒီတို့ ခြံဝန်းပတ်ပတ်လည်မှာ ပန်းပင်လေးတွေစိုက်ထားပြီး အလယ်တွင် ကျွန်းအိမ်နှစ်ထပ်လေးကို ဆေးအဖြူသုတ်ထားပြီး ပန်းပင်လေးတွေချိတ်ဆွဲထားသည်မှာ မြင်သူတိုင်းအတွက်အေးချမ်းဖွယ်။အိမ်လေးက နဲနဲကျဉ်းပင်မဲ့ ပျိုမဒီတို့မိသားစုလေးယောက်အတွက်တော့ နေပျော်ပါသည်။ပျိုမဒီတို့က မောင်နှမနှစ်ယောက်ဖြစ်ကြပြီး ပျိုမဒီကအငယ်ဖြစ်သည်။အထက်မှာ အကိုတစ်ယောက်ရှိပြီး နာမည်မှာတော့ ရာဇာမင်းမြတ်ဖြစ်သည်။ပျိုမဒီအမေဖြစ်သူ ဒေါ်မြင့်မဒီမှာ အိမ်ရှေ့တွင်မနက်စောစော ပန်းပျိုးနေတုန်း ကားသံကြား၍ ခြံတံခါးသွားဖွင့်လိုက်သည်။

"အန်တီ မင်္ဂလာပါ"

"အေးသမီးက ဘယ်သူလေးလဲကွဲ့"

"ဟုတ် အန်တီ သမီးကရွှေရည်သစ်ပါ ပျိုမဒီရဲ့သူငယ်ချင်း"

"အော် သမီးလေးသူငယ်ချင်းလား အန်တီကသိပ်မမြင်ဘူးလို့ မေးကြည့်တာ"

"ဟုတ်တယ်အန်တီ မနေ့ကမှ သိတာပါ ပွဲထဲမှာ မဒီက သမီးကို လူရမ်းကား‌တွေရန်ကနေ ကာကွယ်ပေးခဲ့တာလေ"

"အော် ဟုတ်ပါပြီ"

"မေမေ ဘယ်သူလာတာလဲ"

ပျိုမဒီမှာ ညဝတ် အနွေးဝမ်းဆက်လေးဖြင့် အိမ်‌ထဲမှထွက်လာပြီး အမေကိုလှမ်းမေးလိုက်သည်။

"အော် သမီးရေ သမီးသူငယ်ချင်းရွှေရည်သစ်တဲ့"

"ဟင် ‌ရွှေရည် အစောကြီးပဲ အပြင်မှာအရမ်းအေးတာကို အိမ်ထဲဝင်ပါအုံးလား"

"ဟုတ်သားပဲ သမီးရယ် အန်တီလဲမေ့နေလိုက်တာ အားနာလိုက်တာကွယ် အိမ်ထဲဝင်ပါအုံး"

"ရပါတယ် အန်တီရယ် သမီးက‌မဒီကိုလာနှုတ်ဆက်တာ"

"ဟင် လာနှုတ်ဆက်တာဆိုတော့ ပြန်တော့မှာလား ‌မနေ့ကပြောတော့ နောက်၂ရက်လောက်မှဆို"

"ဟုတ်တယ် မဒီ အမေကနေမကောင်းဘူးဆိုလို့ အဲ့တာဖုန်းဆက်လို့သွားရမှာ နင့်ကိုအားနာလို့ မုန့်လိုက်မကျွေးလိုက်ရဘူး ဘယ်လိုလုပ်မလဲ"

ညှို့ဝန်းနက်Donde viven las historias. Descúbrelo ahora