ညှို့ဝန်းနက်(Part-7)

3K 68 6
                                    

Unicode

"ဒီမှာ ဦးလေးကြီး မဒီကိုဘယ်ခေါ်လာတာလဲ"

"မင်းငါ့ကို အဲ့အတိုင်းပဲ ဆက်ခေါ်နေမယ်ဆို ဒီနေရာမှာငါမင်းကိုတခုခုလုပ်မိလိမ့်မယ်"

ပြောလိုက်တော့ ဇာတ်ကလေးပုသွားကာ အရှေ့ကိုတည့်တည့်ပြန်ထိုင်ရင်း ပါးစပ်မှလဲပွစိပွစိပြောနေသော ပျိုမဒီအား ကောင်းဆက်ဘေးမှ ကြည့်ရင်း အသဲတွေ ယားလားပါတော့သည်။

"ရောက်ပြီ"

ဘေးပတ်ပတ်လည်မှာ လူခြေတိတ်နေပြီး အိမ်သုံးလေးလုံးသားရှိသည်။အဲ့ထဲကမှ တစ်ထပ်တိုက်နှင့် ခြံဝန်းကျယ်လေးအရှေ့တွင် ကားကိုရပ်လိုက်ပြီး ကောင်းဆက်ကစကားဆိုလိုက်သည်။ပြီးနောက် ပျိုမဒီရှိရာဘက်မှ ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး အသာလေးပွေ့ချီကာ ခြံထဲရှိ ထိုင်ခုံပေါ်တွင် အသာချလိုက်လေသည်။

"ဒီမှာ ခနစောင့်အုံး ငါအိမ်ထဲက ဆေးသွားယူလိုက်အုံးမယ်"

****

"မင်းခြေထောက်က ခေါက်သွားတာ ငါအခုဆေးစည်းပေးထားတယ် နောက်ဆိုသတိထား ဖြစ်ဖူးစရှိရင် ခနခနပြန်ဖြစ်တတ်တယ်"

"အွန်း ကျေးဇူး"

"အစာအိမ်ကရော သက်သာပြီလား"

"ရှင်"

"မင်းဟိုနေ့က အစာအိမ်ရောင်တာ သက်သာပြီလားလို့ ဧကန မင်းငါ့ကိုမမှတ်မိဘူးလား"

ကောင်းဆက်ကထိုသို့ပြောလိုက်မှ မဒီစဉ်းစားကြည့်တော့ အစာအိမ်ရောင်လို့ ဆေးရုံသွားတုန်းက တွေ့ခဲ့တဲ့ဆရာဝန်ဖြစ်သည်။အဲ့နေ့က ဗိုက်ကနာနေ၍ သတိမထားမိခဲ့တာဖြစ်လိမ့်မည်။

"ဘာတွေ‌အဲ့လောက်စဉ်းစားနေတာလဲ"

"မစဉ်းစားပါဘူး အဲ့နေ့က မဒီဗိုက်နာ‌နေလို့ သတိမထားမိတာဖြစ်မယ်"

မဒီရဲ့ ပြောစကားကြောင့် ကောင်းဆက်အနည်းငယ်တော့ မကျေမနပ်ဖြစ်မိသည်။သူကတော့ စတွေ့တဲ့နေ့ထဲက မေ့မရပဲဖြစ်နေခဲ့တာကို အဲ့ငတိမသတိမထားမိဘူးတဲ့လား။

"ထားပါတော့ အခုမတ်တပ်ရပ်ကြည့်.......နာသေးလား"

"သိပ်တော့ မနာတော့ဘူး"

ညှို့ဝန်းနက်Where stories live. Discover now