Unicode
"ပျိုမဒီ"
မဒီ ကိုကောင်းဆက်အသံကြားလိုက်ရ၍ လှည့်ကြည့်စဉ် လေအဟုန်လို့ သူ့နားရောက်လာသည့် အကို့ကြောင့်လန့်ပြီး ကိုယ်လေးတုန်သွားသည်။
"ဪ...မင်းကောင်နဲ့သာယာနေတာကို လူမိသွားလို့လန့်သွားတာလား"
"ဟင်..ကိုကောင်းဆက်ဘာတွေပြောနေတာလဲ မဒီနားမလည်ဘူး"
"မင်းပုံစံလေးကြည့်တော့ရိုးမလိုလိုနဲ့ မင်းမှာအရှက်တွေသိက္ခာတွေမရှိတော့ဘူးလား တွေ့တာရက်ပိုင်းပဲရှိသေးတဲ့ယောင်္ကျားတစ်ယောက်နဲ့ အခုလိုနေတာသင့်တော်တယ်လို့ မင်းတွေးနေတာလား လူမရှိတဲ့နေရာကြီးမှာ အခုလိုမှောင်ရိပ်ခိုပြီး ယောင်္ကျားလေးတစ်ယောက်နဲ့နမ်းနေရတာ မင်းပျော်ရဲ့လား"
"အကိုဘာတွေပြောနေတာလဲ မဒီကဘာလုပ်နေလို့လဲ ဘယ်သူနဲ့ရောနမ်းနေလို့လဲ အကိုကရောဘာတွေစိတ်တိုနေတာလဲ"
"ကိုကောင်းဆက်ကိုကြည့်ရတာ ကျွန်တော်နဲ့မဒီ့ကြားတခုခုအထင်လွဲနေသလိုပဲ"
"ဒါကအထင်လွဲတာမဟုတ်ဘူး ငါ့မျက်စိနဲ့ကိုယ်တိုင်မြင်လိုက်တာ"
"ဒီမှာ ကိုကောင်းဆက် တစ်ဖတ်သတ်အမြင်တွေနဲ့ မဒီ့ကိုလာမစွပ်စွဲပါနဲ့ မဒီ ကိုကောင်းဆက်ထင်သလို ကိုစောဟင်နရီနဲ့နမ်းနေတာလဲမဟုတ်ဘူး မဒီ ကိုဟင်နရီနဲ့စကားပြောနေတုန်း မျက်လုံးထဲအကောင်ဝင်သွားလို့ ကြည့်ပေးနေတာ"
ဟုတ်ပါသည်။မဒီ ကိုစောဟင်နရီနဲ့စကားပြောနေရင်းမျက်လုံးထဲအကောင်ဝင်သွားလို့ ကြည့်ပေးနေသည်ကို ကောင်းဆက်ဘက်ကကြည့်ရင် မဒီကကျောပေးထားတဲ့အနေအထားဖြစ်နေတာကြောင့် နမ်းနေတယ်လို့ အမြင်မှားခြင်းဖြစ်သည်။
"ဟုတ်ပါတယ် ကျွန်တော် မဒီ့မျက်လုံးထဲအကောင်ဝင်လို့ကြည့်ပေးနေတာ ဒါကို ကိုကောင်းဆက်ဘက်ကအထင်လွဲနေတာ"
ကောင်းဆက်လဲပြန်စဉ်းစားကြည့်မှ သူမဒီ့ကိုပြောတာတွေအတော်လွန်သွားပြီ သူလဲရုတ်တရက်ဆိုတော့ ထူပူပြီး စိုးရိမ်လွန်နေတာကြောင့် ဘာမှမစဉ်းစားပဲ ပြောလိုက်မိခြင်းဖြစ်သည်။
YOU ARE READING
ညှို့ဝန်းနက်
Non-Fictionမန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္ကျားလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ တောင်ငူသူလေး"ပျိုမဒီ" ကောင်းဆက်သစ်ရဲ့ သူငယ်ချင်းဖြစ်တဲ...