ညှို့ဝန်းနက်(Part-6)

3.3K 76 6
                                    

Unicode

ညဘက်တွင် ကောင်းဆက်တစ်ယောက် အရင်နေ့တွေလိုပင် မအိပ်ချင်သေး၍ အိမ်ရှေ့တွင် ထိုင်နေကာ ညဘက်လေအေးအေးတို့ကို ရှုရှိုက်ရင်း မျက်လုံးလေးများမှိတ်ထားလေသည်။သူ၏မျက်လုံးထဲတွင်တော့ ပျိုမဒီဆိုတဲ့ ကောင်မလေးပုံရိပ်ကိုပဲ မြင်နေမိသည်။သူတောင်ငူကိုရောက်တာ ဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိပါပြီ။ပထမဆုံး ဆေးရုံမှာအလုပ်စဆင်းတဲ့နေ့တွင်ပေါ်လာတဲ့ ကောင်မလေးကို ဒီနေ့အထိမေ့မရပေ။သူ၏အတွေးများကို အုပ်စိုးထားလေသည်။

"ဟူးးးးးးးး"

ကောင်းဆက်သက်ပြင်းရှည်တချက်ကို ချလိုက်ရင်းမှ မှိတ်ထားသော မျက်လုံးများကို အသာအယာဖွင့်ကာ အတွေးစတို့ကို ဖျက်လိုက်ရင်း အိမ်ထဲဝင်ခဲ့လိုက်လေသည်။

🌿____🌿

တနင်္ဂနွေဖြစ်ပြီး အရင်နေ့များက ဆက်တိုက်ညဆိုင်းဆင်းခဲ့ရသည်မို့ လူကပင်ပန်းနေကာ နားရက်ရတဲ့ရက်မို့ နှစ်"ခြိုက်"အိပ်‌ပြီး 8နာရီမှထရေမိုးချိုးကာ တောင်ငူမြို့ထဲသို့ လျှောက်ပတ်ကြည့်ရန် ပြင်ဆင်လိုက်လေသည်။

ဟူဒီအဖြူနှင့် ‌ဂျင်းဘောင်းဘီ အနက်ကိုတွဲဝတ်ဆင်ထားသည့် ကောင်းဆက်၏အသားအရည်သည် မဖြူပဲညိုသောအသွင်ကိုဆောင်‌သည်။ဟူဒီကို တံတောင်ဆစ်ထိ ဆွဲတင်ထားသဖြင့် ပေါ်နေသော လက်ဖျံများ၊မြင့်မားလွန်းသည့်အရပ်၊ ဂျယ်နှင့်‌ပုံသွင်းထားကာ သပ်ရပ်နေသောဆံပင်၊မထူမပါးနှုတ်ခမ်း၊အရမ်းလဲ မသွယ်လွန်း မဝိုင်းလွန်းသည့် အနေတော်မျက်နှာပေါ်တွင် လိုက်ဖက်ညီစွာ အချိုးကြနေသော အစိတ်အပိုင်းတို့သည် ကောင်းဆက်အားပိုယောင်္ကျားဆန်လှသည့် အသွင်ကိုဆောင်နေကာတောင်ငူမြို့ရှိ မိန်းကလေးများအတွက် အသက်ရှုမှားလောက်အောင်ပင် ဖြစ်နေရပါသည်။

"နွယ် ဟိုဆိုင်ကိုကြည့် ကလစ်လေးတွေ ချစ်စရာလေး သွားရအောင်"

"အပြန်မှ ဝင်မယ်လေ မဒီရယ် ဒီမှာနွယ်ဗိုက်ဆာနေပြီ"

နွယ်ကမနက်စာမုန့်ဟင်းခါးစာချင်တယ်ဆိုလာ၍ တောင်ငူဈေးထဲသို့သူငယ်ချင်းနှစ်ယောက်သားလာကြခြင်းဖြစ်သည်။

ညှို့ဝန်းနက်Where stories live. Discover now