Part 2 (Unicode & Zawgyi)

1K 89 3
                                    


Unicode

  ဒီနေ့ညနေကျောင်းစောစောဆင်းလာပီး ommaကိုပူဆာကာ ဖွင့်ခိုင်းထားတယ့် coffee ဆိုင်လေးကိုလာခဲ့တယ်။ သူလဲဆိုင်ရောက်ကော ဆိုင်မှာကလူကျနေပီ ။အကုန်လုံးကလဲသူ့အလုပ်နဲ့သူပျာယာခက်နေကြသည်။ သူလဲကောင်တာမှာဝင်ထိုင်လိုက်ပီး စာရင်းတွေကိုကြည့်နေခဲ့လိုက်တယ်။အဲ့မှာဝိုင်းတစ်ဝိုင်းကလှမ်းခေါ်တာနဲ့ ကြည့်လိုက်တော့ အကုန်လုံးကလဲအလုပ်ရှုပ်နေကြတာနဲ့ သူဘဲထလာပီး အဲ့ဝိုင်းကိုလာခဲ့ရလေသည်။

"အကိုတို့ ဘာမှာကြမလဲခင်ဗျ"

သူအသံကြားလို့ သူ့ကိုလှည့်ကြည့်လာခဲ့တယ့်ကောင်လေးတယောက်နဲ့မျက်လုံးချင်းဆုံသွားခဲ့သည်။ အဲ့ကောင်လေးကအရမ်းချောတာဗျာ ။နှာတံလေးကလဲစင်းစင်းလေး... နှာတံပေါ်ကမှဲ့လေးနဲ့ကလဲ သူ့ရဲ့ချောမောမှုကို ပိုပီး‌‌ ပေါ်လွင်စေတယ်။ နှုတ်ခမ်းလေးကလဲ အသည်းပုံနှုတ်ခမ်းပါးပါးလေး... အသားရည်ကတော့အရမ်းမဖြူပေမဲ့ ကြည့်လို့ကောင်းတယ် ။

အညိုရောင်မျက်ဝန်းတွေကလဲ အရမ်းညို့ယူအားကောင်းတာ ဘဲ။အဲ့ကောင်လေးနဲ့အကြည့်ချင်းဆုံရင်းနဲ့ ရင်ဘတ်ထဲမှာလဲတစ်ဒုန်းဒုန်းနဲ့ခုန်လာခဲ့ရသည်။ သူလဲကျွန်တော့်ကိုသေချာကြည့်နေခဲ့တယ်... ။သူဘေးကကောင်လေးကသူ့ကိုလှမ်းပြောလိုက်တော့မှဘဲ မှာစရာရှိတာမှာတော့သည်။

" အမ်... အင်း Strawberry cake ရှိလား"

အသံလေးကလဲစူးရှပြတ်သားပီးယောက်ျားဆန်လိုက်တာ... ။ဩရှရှအသံလေးက နားထဲတစ်ခါရောက်ပီး ရင်ဘယ်တော့မှပြန်မထွက်နိုင်တော့မယ့်အသံမျိုး...။တစ်ကိုယ်လုံးကလဲဘာမှကိုယ်အပြစ်ပြောစရာမရှိဘူး။အ‌ရှေ့ကလူကြောင့်ရင်ဘတ်ထဲကအ‌ ကောင်ကလဲတဖြည်းဖြည်းနဲ့ ခုန်လာခဲ့ရ‌ လေသည်...။

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ"

"အဲ့ဒါဆို အဲ့ဒါရယ် Strawberry Juice ရယ်ပေးပါ"

"ဟုတ်ကဲ့"

သူက Strawberry ကြိုက်တယ်ထင်တယ်။ မှာတာကလဲ Strawberry နဲ့ပတ်သက်တာကြီးဘဲ။ မသိတော့ဘူး ...ငါဒီကနေအမြန်သွားတော့မယ်။ ကြာရင်နှလုံးရပ်ပီးသေသွားလိမ့်မယ်။ ကျွန်တော်လဲ အဲ့နားကမြန်မြန်ထွက်ခဲ့ပီး စားဖိုဆောင်ထဲသာဝင်ခဲ့တော့တယ်။ ရောက်ရောက်ချင်းရေခဲသေတ္တာထဲက ရေဗူးကို အငမ်းမရသောက်နေလိုက်တော့သည်။

What is love? (Complete) Where stories live. Discover now