Unicodeအလုံပိတ်ထားတယ့်အခန်းတစ်ခု၊ ဘာမှလဲမမြင်ရသလို ဘာသံမှလဲမကြားရချေ...။ဒါပေမဲ့ အသက်ရှူသံပြင်းပြင်းနဲ့လူတစ်ယောက်ကတော့ ထိုအထဲမှာရှိနေခဲ့သည်။
"ဘယ်မှာလဲ...?"
အသံတစ်ခုနဲ့အတူ ဖိနပ်သံတွေကလဲ တိတ်ဆိတ်နေတယ့်ထိုနေရာလေးမှာဆူညံ့သွားတော့သည်။တစ်ဖြည်းဖြည်းနဲ့လျောက်လာခဲ့တယ့် ခြေလှမ်းတွေကလဲ နောက်ဆုံးသူအနားကိုယ်ရောက်လာတော့မှ ရပ်သွားခဲ့တော့သည်။
"ချွတ်လိုက်..."
ဩရှရှအသံရဲ့ အမိန့်ပေးသလိုစကားတစ်ခွန်းကိုယ် ကြားပြီးတယ့်အခါမှာတော့ သူ့မျက်လုံးပေါ်မှာဖုံးအုပ်ထားတယ့် အဝတ်စအမဲကြီးကလဲ ချက်ချင်းဆိုသလိုကျွတ်လွတ်သွားတော့သည်။သူပထမဆုံးမြင်လိုက်ရတာက မျက်စိကျိန်းလောက်အောင် လင်းထိန်လွန်းနေတယ့်အလင်းတန်းတစ်ခု...။ဒါကြောင့် သူ့မျက်လုံးတွေကိုယ်အသည်းအသန်မှိတ်ချလိုက်မိသည်။
တစ်အောင့် လောက်ကြာတော့မှဖြည်းဖြည်းချင်းဖွင့်ကြည့်ရာကနေ သူ့ ရှေ့မှာရပ်နေတယ့်မှုန်မှုန်ဝါးဝါးအရိပ်တစ်ခုဟာ တစ်ဖြည်းဖြည်းနဲ့ကြည်လင်လို့လာခဲ့တော့သည်။
"Kim Taehyung..."
သူမနေ့ကညကကွန်ဒိုမှာနေနေတယ့်အချိန် ဘယ်ကမှန်းမသိတယ့်လူတွေက တံခါးလာခေါက်ခဲ့တယ်။သူကလဲ ညစာစားဖို့အတွက် delivery မှာထားတာကြောင့် ဘာမှမေးမနေတော့ဘဲ တံခါးဖွင့်ပေးလိုက်သည်။သူဖွင့်ပြီးပြီးချင်း မှာဘဲလျှင်မြန်တယ့်လူတစ်စုက သူရဲ့နှာခေါင်းကိုယ်ပုဝါနဲ့အုပ်လိုက်တာကြောင့် အဲ့အချိန်ထဲကဘာမှမသိတော့တာ အခုချိန်ထိလို့တောင်ဆိုရပေမည်။
အခုလဲကင်မ်ထယ်ယောင်းသူ့ကိုယ်ဘာလို့ဖမ်းချုပ်ထားလဲဆိုတာသူသိသည်။ဒါ ပေမဲ့ သူဆင်ခြေတွေမပေးနိုင်ချေ...။ဘာလို့ဆိုခေါင်းက မေ့ဆေးအရှိန်ကြောင့်မူးနှောက်နေတာနဲ့အတူ ဘယ်အချိန်ကထဲကမှန်းမသိခုံပေါ်မှာကြိုးတုပ်ထားခံရတာကြောင့် လက်တွေဆိုတာလဲတော်တော်ကိုယ်နာနေခဲ့ပြီ...။
"ဘယ်လိုလဲ လီဂျိန်း အဆင်ပြေရဲ့လား?"
"ငါ့ပုံစံကအဆင်ပြေနေတယ့် ပုံစံပေါက်နေလား?"
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................