Part 7 (Unicode & Zawgyi )

862 72 5
                                    


Unicode

" မင်းနောက်တစ်ခါအရက်သောက်ဖို့ မစဉ်းစားနဲ့တော့"

ရုတ်တရက်ကြားလိုက်ရတယ့်စကားကြောင့် ဂျီမင်းကြောင်တောင်ကြောင်သွားခဲ့ရသည်...။သူအရက်သောက်တာက ဘာတွေများဖစ်နေခဲ့လို့လဲ...?။

"ငါ့ဘာသာငါသောက်တာလေ မင်းနဲ့ ဘာတွေများဆိုင်နေလို့လဲ...?"

ကျွန်တော့်နောက်မှာရပ်နေတယ့် လူကရှေ့ကို မျက်စိတစ်မှိတ်အတွင်းမှာရောက်လာခဲ့ပီး ပုခုံးကိုကိုင်လိုက်ကာ ကျွန်တော့်မျက်လုံးတွေကိုသေချာစူးစိုက်ပီး ‌ကြည့်နေလာခဲ့သည်...။

"ဘာကြည့်နေတာလဲ...? "

ကျွန်တော်လဲ အဲ့လိုစိုက်ကြည့်နေတော့ မနေတတ်သလိုလို ရှက်သလိုလိုဖစ်လာကြောင့် ရင်ဘတ်ကနေဆောင့်တွန်းလိုက်သည်။

"ငါပြောရင်မင်းဘာလို့ တစ်ခွန်းထဲနဲ့နားမထောင်နိုင်တာလဲ...ဟမ်"

"ငါကဘာလို့ မင်းပြောသမျှကိုလိုက်နားထောင်နေရမှာလဲ...? မင်းနဲ့ငါနဲ့ကဘာမှမဆိုင်ဘူး...။ပီးတော့ ငါအရက်သောက်တာကလဲမင်းအတွက်ဘာမှထိခိုက်နေတာမဟုတ်ဘူး..."

ဂျီမင်းစကားဆက်မပြောချင်တော့တာနဲ့ ထိုင်နေရမှထလိုက်ပီး အပေါ်ကိုတက်ဖို့သာပြင်လိုက်တော့သည်။ စကားဆက်ပြောနေရင် ရန်ဖစ်တော့မယ်ဆိုတာ သိနေတယ်‌‌လေ...။

"မင်းမနေ့ကဘာတွေဖစ်ခဲ့လဲ မင်းမမှတ်မိတော့ဘူးလား...? မင်းမူးရင်အဲ့လိုမျိုးဘဲဖစ်တာလား...?။ ငါသာအချိန်မှီရောက်မလာခဲ့ရင် မင်းဘဝတော့မတွေးရဲစရာဘဲ...။ငါမင်းကိုဘယ်လောက်စိတ်ပူနေခဲ့လဲမင်းသိလား...!!!"

ကျွန်တော့်နောက်ကလူရဲ့ပြောလိုက်တယ့်စကားတွေကြောင့် လှေကားပေါ်တက်နေတယ့် ခြေလှမ်းတွေဟာရပ်တန့်သွားခဲ့ရ‌ လေသည်...။သူသာမရောက်လာခဲ့ရင် ငါ့ဘဝကမတွေးရဲစရာဘဲဆိုတာကကော ဘာပြောတာလဲ...?။
ပီးတော့ပြန်စဉ်းစားလိုက်တိုင်းလဲ သူ့နားထဲမှာ
*ဘာမှမဖစ်တော့ဘူး ကိုယ်ရောက်လာပီ* ဆိုတာ‌ကကောဘာကြောင့်ပြောခဲ့တာလဲ...?

"မင်းပြောတာဘာစကားလဲ...?
ငါကဘာဖစ်ခဲ့လို့လဲ...."

ကျွန်တော်လဲ အနောက်ကိုပြန်လှည့်လိုက်ပီး Taeရှေ့မှာသွားရပ်ကာမေးလိုက် လေသည်။

What is love? (Complete) Where stories live. Discover now