Part 22 ( Unicode & Zawgyi )

908 77 13
                                    


Unicode

"နင်မရှိရင် ဟိုကောင်ဆီက တောင်းပေးပေါ့...။ 1M လောက်ကတော့ သူ့အတွက်ဘာမှမဖစ် လောက်ပါဘူး ကျပျောက်သလောက်ရှိတယ်..."

အမေ့ရဲ့ ဒီပိုက်ဆံကိုယ်ဘဲလောဘတတ်နေတယ့်စိတ်ဓာတ်ကိုယ် ကျွန်တော်မုန်းမိတယ် အမေ...။

"အမေ့ကိုယ် ကျွန်တော်ပြောထားပီးသားနော် ရှိလဲမပေးနိုင်ဘူးလို့...။ပီးတော့ အမေ့ ဆီကိုယ် လတိုင်းပို့ပေးနေတယ့် ပိုက်ဆံတွေကိုယ်လဲ ကျွန်တော်မပို့ပေးနိုင်တော့ဘူး"

"ဘာ...!!"

တော်ပီအမေ...အမေ့ကိုယ် ကျွန်တော်ထောက်ပံ့မပေးချင်တော့ဘူး...။အမေစိတ်ဆိုးမယ်ဆိုရင်လဲ ရတယ်ဆိုးပစ်လိုက်‌အမေ...ကျွန်တော်မတတ်နိုင်ဘူး...။ကျွန်တော် မောင့်ရှေ့မှာ ထပ်ပီးတော့အရှက် တွေလဲမကွဲချင်တော့ဘူး။တော်သင့်ပီမှတ်လား ကျွန်တော်ခံစားခဲ့ရတာတွေက...။အခုမှ ကျွန်တော့်ဘဝလေးက ပြန်ပီးတော့ အေးချမ်းလာခဲ့ရတာလေ...။နောက်ထပ်မုန်တိုင်းတွေ ထပ်မသယ်လာပါနဲ့တော့အမေရယ်...။

"ဟုတ်တယ် အမေ့ကိုယ်ကျွန်တော် ပိုက်ဆံတွေမပို့ပေးနိုင်တော့ဘူး...။အဲ့ဒါ‌ ကြောင့်နောက်ထပ်လဲ ဒီအိမ်ကိုယ်မလာခဲ့ပါနဲ့တော့"

"Park Jimin...ငါက နင့်ကိုယ်မွေးထားတယ့်အမေနော် ။နင့်အမေကိုယ် နင်မသနားတော့ဘူးလား ငါအခုဒုက္ခရောက်နေတာလေ..."

"အဲ့ဒါဆို အမေကကော ကျွန်တော့်ကိုယ် သနားခဲ့ဖူးလား...။ကျွန်တော့်ကိုယ်ကော သားတစ်ယောက်လို သတ်မှတ်ခဲ့ဖူးလား။ဒီပိုက်ဆံတွေနဲ့ယှဉ်လာရင် ကျွန်တော့်ကိုယ်တောင် ရောင်းစားရဲတယ့်အမေ့ကိုယ် ကျွန်တော်က သနားပြရနေမှာလား...!!! ပြောစမ်းပါအုံးအမေရယ်...ပြောပြစမ်းပါအုံးလို့... "

Jimin ရင်ထဲကခံစားချက်တွေက မျိုသိပ်ထားရတာ‌ကြာလာတော့အခုမှဘဲ ချိန်ကိုက်‌ဗုံးတစ်ခုလို ပေါက်ကွဲထွက်လာခဲ့ လေသည်။ခံစားချက်တွေကိုယ် အော်ပြောရင်း မျက်ရည်တွေဆိုတာလဲ ထိန်းမနိုင်သိမ်းမနိုင် အောင်စီးဆင်းလာခဲ့ရသည်။

"ပြောလေ ...အမေမပြောနိုင်တော့ဘူးမှတ်လား? အရင်ကကျွန်တော့်အပေါ်မှာ ကောင်းခဲ့တယ့်အမေက ဘယ်ရောက်သွားပီလဲ? နောက်အိမ်ထောင်ပြုပီးသွားတော့မှ ပြောင်းလဲသွားတယ့် အမေ့ပုံစံကိုယ် ကျွန်တော်အရမ်းစိတ်ပျက်မိတယ် ...။ဘာလဲအမေ ...ငွေနောက်လိုက်ရင်း ငွေကိုယ်မက်သွားခဲ့တာလား"

What is love? (Complete) Where stories live. Discover now