Unicode"ဟန်နီ..."
ဂျီမင်းဟိုလူနဲ့ စကားပြောပီးထွက်လာတယ့်အချိန်မှာအတွေးတွေနယ်ကျွံနေခဲ့ လေသည်။အတန်းထဲကိုယ်သွားဖို့အတွက်လဲ လူကသာသွားနေတာ စိတ်ကတော့ဒီနေရာမှာ တစ်စက္ကန့် လေးတောင်ရှိမနေချင်တော့ချေ...။စိတ်တွေကဟို တွေးလိုက်ဒီတွေးလိုက်နဲ့ကယောက်ကယက်ဖစ်နေတယ့်အချိန်မှာဘဲ မောင့်ရဲ့ခေါ်သံခပ်ဩဩလေးကိုယ်ပါကြားလိုက်ရတာကြောင့် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်တွေဟာလဲလွင့်စင်သွားသလိုပါဘဲ...။
"ဟင်...မောင်...မောင်ကဘယ်လိုကနေဘယ်လို..."
ကျွန်တော်ကသာတအံ့တဩနဲ့မေးနေခဲ့တာမောင်ကကျွန်တော့်ကိုယ်တစ်စက်ကလေးမျှတောင်ကြည့်မလာခဲ့ချေ...။ကျွန်တော့်အနောက်ဘက်ကိုကြည့်ပီး တော့သာဟိုရှာလိုက်ဒီရှာလိုက်လုပ်နေခဲ့လေသည်...။ဧကန မောင်များ သူဟိုလူနဲ့စကားပြောနေတာကိုယ်သိသွားတာလား?မဟုတ်လောက်ပါဘူး မောင်ကဘယ်လိုလုပ်သိမှာလဲ? အကယ်လို့သိသွားခဲ့တယ်ဆိုရင်ကော ငါ့ဘဝကဘာဆက်ဖစ်မှာလဲ?
"မောင်...ဘာတွေလိုက်ရှာနေတာလဲ...?"
ကျွန်တော်အရဲစွန့်ပီးတော့ လေသံတိုးတိုးလေးဖြင့် မေးလိုက်တော့မှ မောင်ဟာကျွန်တော့်ကိုယ်ကြည့်လာခဲ့ တော့သည်။
"ဟန်နီ...ဟိုကောင်ကော...ဟိုကောင်ဘယ်ရောက်သွားပီလဲ?"
ကျွန်တော့်ရဲ့အမေးကိုယ်ပြန်ဖြေလာခဲ့တယ့် မောင့်ရဲ့စကားသံဟာ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးကိုယ်ရပ်တန့်သွားခဲ့သလိုပါဘဲ...။ဘာလဲ...မောင်ကသိနေခဲ့တာလား? ငါ့ဘဝကြီးကနှိပ်စက်မှုတွေထပ်လာအုံးမှာလား?ငါအခုချိန်ထိတောင် ပျော်လို့မဝသေးဘူးလေ။ကံကြမ္မာကြီးကငါ့အပေါ်ကိုယ်ထပ်ရက်စက်အုံးမှာလား?
"မောင်...ငါတောင်းပန်ပါတယ်နော်...။ငါသူနဲ့မပတ်သက်ပါဘူး။သူ့ဘာသာငါ့ကိုယ်စကားလာပြောခဲ့တာပါ...။ငါ့ကိုယ်အဲ့ကောင်ကြောင့်နဲ့တော့ထပ်ပီးမနှိပ်စက်ပါနဲ့တော့နော် ငါကြောက်လို့ပါမောင်ရယ်..."
ထယ်ယောင်း...သူ့ရှေ့မှာမျက်ရည်လေးတွေကျပီး တောင်းပန်နေတယ့်ချစ်ရသူလေးကိုယ်ကြည့်ပီး သူလဲထပ်တူထပ်မျှဝမ်းနည်းရလေသည်။ဒီကောင်လေးကိုယ် သူအရင်ကသူ့ဒေါသတွေကိုယ်ရှေ့တန်းတင်ပီး နှိပ်စက်ခဲ့မိတာကိုယ်လဲနောင်တရမိသည်...။
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................