Part 5 ( Unicode & Zawgyi )

923 89 4
                                    


Unicode

ဂျီမင်းအဲ့နေ့ကကျောင်းလဲမသွားဖစ်တော့ဘူး... ။အိမ်ကိုဘဲပြန်ကာ အခန်းတံခါးပိတ်ပီး တနေ့လုံးအခန်းထဲကအခန်းပြင်မထွက်ဘဲ နေနေတော့သည်။ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး...။ဘယ်သူနဲ့မှလဲစကားပြောချင်စိတ်မရှိဘူး...။ အခုချိန်မှာတယောက်ထဲဘဲနေချင်တယ် ...။ နာကျင်ရတယ် ရင်ထဲမှာတစစ်စစ်နဲ့ ...။ မင်းငါ့ကိုဘာလို့အဲ့လောက်တောင်ခါးခါးသီးသီး မုန်းနေရတာလဲ...? ငါမင်းအပေါ်မှာ ဘာတွေများလုပ်ထားလို့လဲ...?။

"ကြီးမေ ဟိုတယောက်အိမ်ပြန်လာလား"

Taehyung လဲ ဘယ်မှသွားမ‌နေတော့ဘဲ အိမ်ကိုသာပြန်လာခဲ့တော့သည်။ ခြံထဲမှာ ဟိုတယောက်ရဲ့စက်ဘီးတွေ့လို့ ပြန်ရောက်နေပီလားဆိုတယ့်အတွေးနဲ့ အိမ်ထဲမှာဟိုကြည့်ဒီကြည့်နဲ့ လိုက်ရှာနေမိတော့သည်။

"သားမင် ပြန်ရောက်နေပီ မျက်နှာလဲမကောင်းဘူး...။ကြီးမေကြည့်ရ‌တာတော့ငိုထားတယ်ထင်တယ်။ ပြန်ရောက်ထဲက အခန်းတံခါးပိတ်ပီးနေနေတာ ထွက်မလာသေးဘူး။ ကြီးမေထမင်းစားဖို့သွားခေါ်တော့လဲ မစား‌ဘူးတယ့်..."

"ဟုတ်ကဲ့ ကြီးမေ ဒါဆိုသားလဲအပေါ်တက်တော့မယ်"

ထယ်ယောင်းသူ့အခန်းရှေ့မရောက်ခင် ဟိုတယောက်ရဲ့တံခါးရှေ့မှာခြေစုံရပ်လိုက်မိသည်။သူ တံခါးလေးကိုဖွင့်ကြည့်လိုက်တော့ လော့မချထားတာနဲ့ အထဲကိုဝင်သွားလိုက်သည်။အထဲရောက်တော့ တိတ်ဆိတ်နေတာနဲ့ ကြည့်လိုက်မိတော့ ကုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတယ့် သူ...။သူလဲ ကုတင်နားကို ‌‌ေခြလှမ်းဖွဖွနင်းသွားကာ အိပ်ပျော်နေတယ့်လူကို သေချာစိုက်ကြည့်နေလေသည်။ငိုထားလို့ ထင်တယ် မျက်လုံးတွေကဖောင်းအစ်နေတာဘဲ...။

ဒီလူသားက လှတယ်...။ မိန်းကလေးတွေထပ်လဲပိုလှတယ် ...။နတ်သားလေးတစ်ပါးလိုဘဲ အပြစ်ပြော‌စရာမရှိအောင် ကိုယ်လှတယ်...။ဒါကိုသူစတွေ့ထဲက သတိထားမိတာ...။ အိပ်နေတယ့်အချိန်ဆိုရင်လဲ အပြစ်ကင်းစင်တယ့်ကလေးလေးတယောက်လိုပါဘဲ... ။ ထယ်ယောင်းထိုလူသားရဲ့ နဖူးပေါ်မှာကျနေတယ့်ဆံပင်လေးတွေကိုသပ်‌တင်ပေးလိုက်ရင်းတွေတွေလေး စိုက်ကြည့်နေခဲ့မိသည်...။

What is love? (Complete) Where stories live. Discover now