Part 6 ( Unicode & Zawgyi )

906 77 2
                                    


Unicode

  ဒီနေ့ ဂျီမင်းအိပ်ယာထတာနောက်ကျသွားခဲ့သည်...။ ညတုန်းကလဲ အိပ်မပျော်တာကြောင့် မနက်စောစောထဖို့က မနိုးနိုင်တော့ ချေ...။ ကျောင်းနောက်ကျနေလို့သူလဲ မြန်မြန်ရေချိုးအဝတ်အစားလဲ ပီးအောက်ထပ်ကိုသာဆင်းလာခဲ့တော့သည်။အောက်ထပ်ရောက်တော့ ထမင်းစားခန်းမှာ အခန့်သားမနက်စာစားနေတယ့်လူကို တစ်ချက်သာကြည့်လိုက်ပီး အပြင်ကိုထွက်မလို့လုပ်တယ့်အချိန်မှာဘဲ ထမင်းစားခန်းထဲကလူရဲ့အသံကြောင့် ခြေထောက်များတုန့်ခနဲရပ်တန့်သွားမိသည်။

"မင်းမနက်စာ မစားတော့ဘူးလား"

ဩရှရှနဲ့အမိန့်သံပါအောင် ပြောနေတယ့်လူဘက်ကို သူပြန်လှည့်ကြည့်လိုက်သည်...။

"မစားတော့ဘူး ငါစားနေရင် မင်းစားမဝင်မှာဆိုးလို့ အနှောက်အယှက်ပေးချင်တော့ဘူး... ငါကျောင်းမှာဘဲစားလိုက်မယ်"

သူပြောလိုက်တယ့်စကားအဆုံးမှာတော့ ထယ်ယောင်း စားနေရာမှ ခေါင်းထောင်ကြည့်လာခဲ့လေသည်...။

"လာခဲ့... လာစား"

"ရတယ် ငါ့ဘာသာ...."

"လျာမရှည်နဲ့ လာစား ...ငါကောင်းကောင်းခေါ်နေတုန်းလာ ငါအကြမ်းနည်းမသုံးချင်ဘူး..."

ထိုသူ့ကိုစကားထပ်မများချင်တော့တာနဲ့ ခုံမှာသာထိုင်လိုက်ပီး ပြင်ပေးထားတယ့်မနက်စာကိုစားလိုက်တော့သည်။ ည‌တုန်းကလဲ ဘာမှမစားဘဲအိပ်သွားတော့ အခုကြတော့ဗိုက်ကအရမ်းဆာနေခဲ့သည်။ ကျောင်းရောက်မှအဝစားမယ်ဆိုပီးစဉ်းစားထားတာ...ဒါပေမဲ့လဲ အခုကျတော့စားစရာ တွေကအရှေ့မှာရှိ‌ နေခဲ့တော့ အားရပါးရ ပါးလုတ်ပလောင်းစားနေမိတော့သည်။

ကျွန်တော်စားနေတာကို အရှေ့ကလူကမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့ ကျွန်တော်လဲမြန်မြန်စားလိုက်ပီး ထထွက်လာခဲ့သည်။ကျွန်‌ တော်ထထွက်လာတယ့်အချိန်မှာ လက်ကိုလှမ်းဆွဲလိုက်တယ့်လူကြောင့် အနောက်ကိုပြန်လှည့်ကြည့်လိုက်ပီး "ဘာလဲ"ဆိုတယ့်ပုံစံမျိုးနဲ့ မေးစပ်ပြလိုက်သည်...။

"ငါလိုက်ပို့မယ်..."

"မလိုပါဘူး ငါ့ဘာသာငါသွား...."

What is love? (Complete) Where stories live. Discover now