Part 27 ( Unicode & Zawgyi )

547 62 23
                                    


Unicode

ဂျီမင်း ညကသောက်ထားတယ့်အရှိန်ကြောင့်‌အမူးလွန်ပြီး မနက်နိုးလာတော့ ခေါင်းကသေမလောက်ကိုက်ခဲနေလေသည်...။သူဒီလိုဖြစ်နေတာကိုယ် မောင့်ကိုယ်လဲပြန်မပြောရဲချေ...။တော်ကြာ အရက်မသောက်ရဆိုပြီး ပါမတ်ပါပိတ်သွားမှ ဟုတ်ပေ့ဖစ်နေအုံးမယ်...။ဒါပေမဲ့ မောင်ဟာအလိုက်သိတယ်လို့ဆိုရပေမည်...။သူမနက်နိုးလာတော့ ကုတင်ဘေးက ခုံပေါ်မှာ သံပုရာရည်ခွက်လေးကအဆင်သင့်...။ပြီးတော့ စာလေးတစ်စောင်ပါအစစ်ပါသေးသည်...။

စာထဲမှာ"မောင့်အလုပ်ကအရေးပေါ်အစည်းအဝေးရှိလို့ မနက်အစောကြီးထသွားပြီ။မောင့်ကလေးလေးနိုးလာရင်ခေါင်းကိုက်နေမှာဆိုးလို့ မောင်သံပုရာရည်လေးဖျော်ခဲ့ပေးတယ်။မောင့်အချစ်တွေပါထည့်ပြီးဖျော်ပေးထားတာကြောင့် မောင့်ကလေးလေးသောက်တယ့်အခါမှာချိုနေလိမ့်မယ်"တယ့်။ဂျီမင်းစာလေးကိုယ်ဖတ်ပြီးပြုံးလိုက်မိပါသေးသည်...။မောင်ဟာလေ လူကိုယ်အမျိုးမျိုးကိုယ်ခြွေနေတော့တာဘဲ...။

ဂျီမင်းလဲသာယာတယ့်မနက်ခင်းလေးမှာ အပြုံးလေးတွေဝေဆာရင်း မောင်ဖျော်ပေးခဲ့တယ် သံပုရာရည်လေးကိုယ်တစ်ချိုက်ထဲမော့သောက်လိုက်လေသည်...။မောင်ပြောသလိုပါဘဲ...မောင့်အချစ်တွေပါထည့်ဖျော်ထားတာကြောင့် ခါတိုင်းသောက်နေကြသံပုရာရည်တွေထက်ပိုချိုနေလေသည်...။

အစကကိုက်ခဲနေတယ့်ခေါင်းကလဲ မောင့်ရဲ့အချစ်ဖျော်ရည်လေးကိုယ်သောက်လိုက်လို့ထင်ပါတယ်...။ချက်ချင်းဆိုသလိုယူဖြစ်သလိုပျောက်သွားခဲ့သည်...။သူများတွေအမြင်မှာတော့ ကျွန်တော်ဟာပိုတယ်လို့ထင်ချင်ထင်လိမ့်မယ်...။ကျွန်‌ တော့်အတွက်ကတော့အခြားသူတွေလိုခေါင်းကိုက်ပျောက်ဆေးတွေသောက်စရာမလိုဘဲ မောင့်အချစ်တစ်ခုထဲနဲ့တင် ကိုးဆယ့်ခြောက်ပါးရောဂါအကုန်ပျောက်‌သည်...။

/

ဂျီမင်းဒီနေ့ကျောင်းကိုယ်တစ်ယောက်ထဲစက်ဘီးဖြင့်သာလာခဲ့ရလေသည်...။မောင်ကလဲမနက်အစောကြီးထဲကအလုပ်သွားတာကြောင့် သူ့ကိုယ်ကျောင်းလိုက်ပို့မပေးနိုင်ချေ...။မောင်ကအိမ်ကကားနဲ့သွားလို့ပြောပေမဲ့ သူကလွတ်လွတ်လပ်လပ်နေရတာပိုသဘောကျတာကြောင့် စက်ဘီးနဲ့သာလာခဲ့သည်...။သူကကားစီးရတာထက်စက်ဘီးစီးရတာကိုယ် ပိုကြိုက်သည်...။

What is love? (Complete) Where stories live. Discover now