Part 34 ( Unicode & Zawgyi )

373 35 3
                                    

Unicode

         ကောင်းကင်ပေါ်မှာ ကြယ်လေးတွေ တစ်မှိတ်မှိတ်နဲ့အရောင်အသွေးစုံကာ တောက်ပနေခဲ့သလို အိမ်ကြီးထဲမှာရှိတယ့် ကောင်လေးနှစ်ယောက်ရဲ့အချစ်တွေဟာလဲတောက်ပနေခဲ့သည်....။

      ထိုအိမ်ကြီး‌ထဲတွင် တေးဂီတသံများ၊ ရီသံမောသံများ၊ ကြည်စားသံများကိုယ် ကြားလိုက်ရရုံနဲ့ အထဲမှာရှိ နေတယ့်ကောင်လေးနှစ်ယောက် ဘယ်လောက်‌ တောင်ပျော်နေကြမလဲဆိုတာကိုယ် ခန့်မှန်းကြည့်နိုင်သည်...။

"ဟန်နီ..."

"အင်း ပြောလေမောင်..."

   ဂျီမင်း စန္ဒရားတီးနေတယ့်မောင့်အနားမှာ ထိုင်ကာ မောင်ရဲ့သံစဉ်တွေကိုယ် မျက်လုံးလေးမှိတ်ကာ နားထောင်နေခဲ့သည်။
သူနားထောင်နေရင်း တီးလုံးသံရပ်သွားကာ သူ့ကိုယ်ခေါ်လိုက်တယ့်မောင်ကြောင့် သူမျက်လုံးလေးကိုယ်အမြန်ဖွင့်ကြည့်မိလိုက်သည်...။

"မောင်တို့ မနက်ဖန်ကြရင် တိုကျိုသွားကြမလား?"

"ဟင် တိုကျို ! ဘာဖြစ်လို့လဲမောင်ရဲ့..."

   နားမလည်စွာပြန် မေးလာတယ့် ချစ်ရသူလေးရဲ့ခေါင်း‌လုံးလုံးလေးကိုယ် ထယ်ယောင်းဖွဖွလေးတစ်ချက်ပုတ်လိုက်လေသည်...။

"ဟန်နီကိုယ် Disney land လိုက်ပို့ပေးချင်လို့...။အခုတိုကျိုမှာ တော်တော်စည်နေပြီ..."

"Disney land...!! ငါအရမ်းသွားချင်တယ်မောင်..."

   မျက်လုံးလေးများအရောင်လက်ကာ ချစ်စရာကောင်းအောင်လုပ်ပြနေတယ့်သူ့ဟန်နီလေးကြောင့် ထယ်ယောင်းအားပါးတရ ရီလိုက်မိတော့သည်...။

"ဟားဟားးး လိုက်ပို့ပေးမှာပေါ့ဗျာ ယောက်ျားလို့သာခေါ်လိုက် အကုန်ဖြစ်စေရမယ်..."

   အစကထဲက လိုက်ပို့ပေးဖို့စဉ်းစားထားပြီးသားပါ...။ဒါ‌ ပေမဲ့လဲ ဒီလိုချစ်ဖို့ကောင်းတယ့်ကောင်လေးကိုယ် နည်းနည်းလောက် တော့စချင်သေးသည်...။

ဒါကြောင့် နည်းနည်းလေးညစ်ကာပြောလိုက်တော့ ပြုံးနေရာကနေရပ်ကာ သူ့ကိုယ်ပေစောင်းစောင်းလာကြည့်နေတယ့် သူ့ဟန်နီလေးကိုယ် အသည်းယားလွန်းလို့ ဆွဲစားပြစ်လိုက်ချင်ပြီ...။

What is love? (Complete) Where stories live. Discover now