Part 33 ( Unicode & Zawgyi )

459 38 1
                                    


Unicode

         တောင်တန်းတွေနဲ့စိမ်းစိုအုံမှိုင်းပြီး ကာရံထားတယ့်
ကျွန်းငယ်လေးတစ်ကျွန်းမှာ ‌အရမ်းချစ်ကြတယ့်
ကောင်လေးနှစ်ယောက်ရှိကြတယ်ဆိုတာကိုယ်
ဘယ်သူကသိမှာလဲ?

Dandelion ပန်းခင်းကြီးကိုယ် သက်သေထားပြီး
ချစ်ကြောင်းတွေတစ်ဖွဖွပြောနေခဲ့ကြတာကိုယ်ကော
ဘယ်သူသိမှာလဲ?

နေဝင်ဆည်းဆာအလှဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရလောက်အောင်လှပပေမဲ့ ထိုကောင်လေးနှစ်ယောက်ရဲ့အချစ်တွေနဲ့ပေါင်းစပ်လိုက်သောအခါမှာတော့ ပိုပြီးတောင်လှပလို့သွားခဲ့သည်။

"ဟန်နီ..."

"အင်း ပြောလေမောင်..."

ထယ်ယောင်း dandelion ပန်းခင်းအလယ်က နေဝင်ဆည်းဆာနဲ့အပြိုင် လှနေတယ့် ချစ်ရသူလေးကိုယ် မျက်စိမခွာနိုင်အောင်ပင်ဖြစ်နေခဲ့ရသည်။

ထိုလူသားကလှတယ်...။
ပိုးစိုးပက်စက်ကိုယ် လှတယ်...။

နေဝင်ဆည်းဆာနဲ့ ပတ်ခ်ဂျီမင်းဘယ်သူပိုလှလဲလို့မေးရင်
သဘာဝတရားကြီးထက် ပတ်ခ်ဂျီမင်းကပိုလှတယ်လို့ဖြေမိလိမ့်မယ်ထင်တယ်...။

"မောင်...ဘာတွေစိုက်ကြည့်နေတာလဲ ‌?"

ဂျီမင်း သူ့ဘေးက ခေါ်တုန်းကခေါ်ပြီး လှည့်ကြည့်ပြန်တော့လဲမျက်တောင်မခတ်တန်းစိုက်ကြည့်နေတယ့်လူကြောင့် အပူရှိန်တွေ‌ တောင်မြင့်တက်လာခဲ့ရသည်။‌ မောင်ဒီလိုမျိုး စိုက်ကြည့်နေမယ်ဆိုရင် သူမနေတတ်ချေ...။ရှက်တာတော့ မဟုတ်ပေမဲ့ လဲအဲ့မျက်ဝန်းညိုတွေကိုယ် အခုချိန်ထိရင်မဆိုင်ရဲသေးတာဆို ပိုမှန်လိမ့်မည်။

အကြောင်းပြချက်ကတော့ အဲ့မျက်ဝန်းညိုတွေက အရမ်းကိုယ်ပြုစားလွန်းတာကြောင့်ပေ...။

"လှလို့...မောင့်ဂျီမင်းကအရမ်းလှလို့..."

မောင့်စကားကြောင့် ကျွန်တော်အားပါးတရပြုံးမိလိုက်သေးပါသည်။မောင်ဟာလေ သူဘာလုပ်လုပ် အမြဲတမ်းလှတယ်ဆိုတာ ပါးစပ်ဖျားကနေမချဘူး...။အမြဲတစေကိုယ်ပြောနေတော့တာဘဲ... ။

"မောင်ပြောတာဘာရီစရာပါလို့လဲ?..."

"ဟားဟားးး မောင်ကလေ ဘာလို့ငါ့ကိုယ်အမြဲလှတယ်ဆိုတာဘဲပြောနေရတာလဲ? မောင့်ရဲ့ အမျိုးသားက ယောက်ျားလေးနော်....။မေ့နေမယ်..."

What is love? (Complete) Where stories live. Discover now