Unicode
ကျောင်းဝန်းကျယ်ကြီးတစ်ခုတွင် ကလေးများမြောက်မြားစွာရှိ နေကြပြီး ဝိုင်းဖွဲ့ကာကစားနေကြသည်...။ထိုထဲတွင် တစ်သီးတစ်သန့်ခွဲထွက်နေသည့် ကောင်လေးနှစ်ယောက်လဲရှိလို့နေခဲ့သည်....။"လိပ်ပြာလေး...အရမ်းမပြေးနဲ့လေ ချော်လဲမယ်..."
"ပြေးမှာဘဲ အစ်ကိုမှီအောင်လိုက်ပေါ့..."
တစ်ယောက်ကအရှေ့ကပြေး...၊ နောက်တစ်ယောက်ကအနောက်ကလိုက်နဲ့ စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းနေကြတယ့်ကလေးနှစ်ယောက်ဟာ အပူအပင်ဆိုတာလဲ ဘာမှန်းသိပုံမပေါ်ပါဘူး....။ သာမာန်ကလေးတွေလိုဘဲ သူတို့လဲပျော်တတ်သည်...။
ကစားတတ်သည်...။ဒါပေမဲ့ အသက်အရွယ်နဲ့မမျှ နောက်ဖြစ်လာမယ့်ကံကြမ္မာကြီးကိုယ်များကြိုသိခဲ့မယ်ဆိုရင်ကော ဒီလိုပျော်နိုင်ကြပါ့အုံးမလား?
"မိပြီကွ...ဘယ်ပြေးမလဲ?"
"ဟာ...အစ်ကိုကလဲဗျာ...ဘာလို့မှီအောင်လိုက်ရတာလဲ?"
"ဟောဗျာ...."
နမ်ဂျွန်း သူ့ရှေ့မှာ နှုတ်ခမ်းလေးထော်ကာ မျက်စောင်းတစ်ထိုးထိုးဖြစ်နေတယ့် အကောင်ပေါက်ကိုယ် ကြည့်နေရင်း အသည်းယားလာတာကြောင့် ပါးနှစ်ဖက်ကိုယ် ဘယ်ညာဆွဲညစ်ပစ်လိုက်သည်... ။
"ဟာ အစ်ကို...ဘာလုပ်တာလဲဗျာ...။နာတယ်လို့..."
"အသည်းယားလာလို့လေ လိပ်ပြာလေးရဲ့...။ဘာလို့အဲ့လောက်ထိတောင်ချစ်ဖို့ကောင်းနေရတာလဲ?..."
"ဒါက ကျွန်တော့်ရဲ့အားနည်းချက်လေ...။ဒါနဲ့နေပါအုံး ကျွန်တော်မေးစရာရှိတယ်...။ဘာလို့ကျွန်တော့်ကိုယ် လိပ်ပြာလေးလို့ဘဲခေါ်နေရတာလဲ? ကျွန်တော့်နာမည်ပတ်ခ်ဂျီမင်းလို့ပြောထားတယ်လေ...။မေ့သွားပြီလား?"
နမ်ဂျွန်း သူ့ကလေးငယ်ရဲ့အမေးကြောင့် ပါးချိုင့်တွေနစ်ဝင်သွားအောင် ပြုံးလိုက်မိသည်...။
"အစ်ကို့အတွက်ကတော့ မင်းက လိပ်ပြာလေးတစ်ကောင်လိုဘဲ အရမ်းလှတယ်...။မင်းကိုယ်မြင်လိုက်တာနဲ့ လိပ်ပြာလေးတစ်ကောင်ကိုယ်ဘဲ သွားသွားမြင်မိတယ်...။ပြီး တော့လေမင်းကိုယ်ဟိုး ကောင်းကင်အမြင့်ဆုံးမှာ အလှပဆုံးပျံ့သန်းနေတာကိုယ်ဘဲကိုယ်က မြင်ချင်တာ...။ဒါကြောင့် အမြဲတမ်းအမြင့်ဆုံးမှာဘဲပျံ့သန်းနော်..."
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................