Part 12 ( Unicode & Zawgyi )

786 73 5
                                    


Unicode

"ဆရာ...အဖေကဘာရောဂါဖစ်နေတာလဲဟင်"

Taehyung အဖေ့ရောဂါကိုသိချင်တယ့်အတွက် ဆေးရုံအုပ်ကြီးရဲ့ အခန်းထဲကိုရောက်လာခဲ့သည်။ကျန်းကျန်းမာမာဖစ်နေ
တယ့်အဖေက ချက်ချင်းလက်ငင်းကြီး ဒီနေ့လား မနက်ဖန်လားမသိအောင် ဖစ်သွားရတယ့်အထိ ဘာရောဂါများဖစ်နေတာလဲဆိုတာ သိချင်နေတာအမှန်ဘဲ။

အဖေ့လုပ်ရပ်ကို မုန်းပေမဲ့...အဖေ့ကိုတော့မမုန်းခဲ့ပါဘူး။ဒီလိုအခြေအနေကြီးဖစ်သွားတော့ ရင်ထဲမှာပြည့်ကျပ်ပီးတော့ ဝမ်းနည်းရတယ်။ကျွန်တော့်အပေါ်မကောင်းခဲ့ပေမဲ့ ဒီလိုမျိုးကြီး
ဖစ်သွားတာတော့မမြင်ချင်ခဲ့ဘူး။

"ကြီးကြီးမားမားရောဂါရယ်လို့တော့ မရှိပါဘူး။ဆရာတို့လဲ အဖြေရှာကြည့်ပေမဲ့ ဘာရောဂါမှန်းကို ခန့်မှန်းလို့မရခဲ့ဘူး။ဆေးတစ်မျိုးကြောင့်ဒီလိုပုံစံဖစ်သွားတာဘဲ...ဒါပေမဲ့ ဘာဆေးလဲဆို‌တာတော့ ဆရာတို့ဘယ်လိုဘဲရှာရှာ အဖြေမတွေ့ခဲ့ဘူး။အခုလိုဖစ်တယ့်ပုံစံက နှလုံးရှော့ဖစ်တာလို့ပြောလို့ရတယ်။အခုဆိုနှစ်ကြိမ်ဖစ်ပီးပီး သုံးကြိမ်မြောက်ဆိုရင်တော့တစ်ခါထဲနှလုံးပါ ရပ်သွားလိမ့်မယ်"

"ဗျာ...."

"လူနာအတွက် နောက်ဆုံးအချိန်လို့ပြောလို့ရတယ်။သေချာဂရုစိုက်လိုက်ပါ..."

Taehyung ဆေးရုံအုပ်ကြီးရဲ့ အခန်းကနေ လေးပင်စွာနဲ့ ပြန်လာခဲ့သည်။မျက်ရည်‌ တွေလဲကျနေရင်းနဲ့ပေါ့...။ကျွန်တော်ဆိုးလို့တောင် မဝသေးဘူးလေ အဖေရဲ့...ဘာလို့နောက်ဆုံးအချိန်ဖစ်သွားရတာလဲ။ကျွန်တော်အဖေ့ကိုစိတ်ဒုက္ခပေးတာကို အဖေခံပေးအုံးလေ...ဘာလို့ထွက်သွားဖို့ပြင်ဆင်နေရတာလဲ။အဖေအဲ့လို လွယ်လွယ်နဲ့လွတ်မြောက်သွားလို့မရဘူးလေဗျာ...ကျွန်တော်အဖေ့ကို မရမကဆွဲထားမှာ အဖေထွက်သွားလို့မရအောင်...။

အခန်းထဲကိုလဲ ပြန်ဝင်ချင်စိတ်မရှိ တော့တာနဲ့ အခန်းအပြင်ကထိုင်ခုံလေးမှာသာ တိတ်တဆိတ်မျက်ရည်ကျနေမိသည်။

"Tae...."

ကျွန်တော်ခေါ်လိုက် တော့မော့ကြည့်လာတယ့်ထယ်...မျက်လုံးထဲမှာလဲ မျက်ရည်တွေအပြည့်နဲ့...။အရမ်းနာကျင်နေရမှာပေါ့...ဘယ်လောက်နာကျင်ရမလဲဆိုတာ ငါသိပါတယ်။ငါ့တုန်းကလဲ ငါအရမ်းခံစားခဲ့ရတာ။ငါ့အဖေငါ့ကိုထားသွားတုန်းကငါရူးမတတ်ကို နာကျင်ခဲ့ရတာ။

What is love? (Complete) Where stories live. Discover now