Unicode
အပြင်မှာ မိုးစက် လေးများဟာလဲ
တစ်ဖွဲဖွဲကျလို့နေသည်...။ချစ်ရသူလေးကလဲ ပေါ်မလာသေးချေ...။
သူ့ရင်ထဲမှာလဲ အပြင်မှာကျနေတယ့်မိုးရေစက်တွေနဲ့အပြိုင် ငိုကျွေးနေတယ်ဆိုတာကိုယ် ဘယ်သူကများသိနိုင်ပါ့မလဲ...?
လွမ်းတယ်...တွေ့ချင်တယ်...။
တစ်စက္ကန့်လေးတောင် မခွဲနိုင်ဘူး...။ဒီအချိန်မှာ သူ့အလွမ်းတွေကိုယ် ပျောက်အောင်ကုသပေးနိုင်တာ ချစ်ရသူ လေးရဲ့ အနမ်းချိုချိုလေးတွေ...။
ပြီးတော့......ဆေးလိပ်...။
ထယ်ယောင်း အခုချိန်ထိ ကားပါကင်လေးရဲ့ကြမ်းပြင်မှာဘဲ မလှုပ်မရှုပ်ထိုင်နေမိသည်...။
လက်ထဲမှာလဲ ခုနက သန့်စင်ခန်းကြမ်းပြင်ပေါ်မှာ ကျကျန်နေခဲ့တယ့် ငွေမျှင်ရောင် ကြယ်ပုံစံလော့ကတ်လေးနဲ့ ဆွဲကြိုးလေးက သူ့ကိုယ်လှောင်နေသယောင်...။
ဒါလေးက ခုနတုန်းက အထိသူချစ်ရသူရဲ့ လည်တိုင်လှလှလေးထပ်မှာလေ...။
အခုတော့ ဆွဲကြိုးလေးက ပိုင်ရှင်မဲ့နေခဲ့ပြီ...။
ဆွဲကြိုးဆိုတာ လည်တိုင်ပေါ်မှာဘဲ လှပနေသလို...။
ကင်မ်ထယ်ယောင်းဆိုတာလဲ ပတ်ခ်ဂျီမင်းရှိမှပြီးပြည့်စုံသည်...။
ပတ်ခ်ဂျီမင်းသာမရှိရင် ကင်မ်ထယ်ယောင်းဆိုတာ ဆားမပါတယ့်ဟင်းတစ်ခွက်လိုပါဘဲ...။ ဘယ်တော့မှ perfect ဆိုတာ ဖြစ်မလာနိုင်ဘူး....။"Boss... ကျွန်တော်တို့အစ်ကိုလေးကိုယ်ခြေရာခံမိပါပြီ..."
ထယ်ယောင်း ကျလက်စမျက်ရည်များကိုယ် သုတ်ကာ တစ်ချက်ပြုံးလိုက်လေသည်...။
"ဟက်...ဘယ်သူလဲ ငါထင်တာမလွဲဘူးမှတ်လား?"
"ဟုတ်ကဲ့... ပတ်ခ်မီအာနဲ့ လီဂျိန်းပါဘဲ...။တည်နေရာကတော့ တိုကျို မြို့ပြင်ဘက်က ကားအဟောင်းတွေအရည်ကျိုတယ့် စက်ရုံထဲမှာပါ..."
"အင်း ကောင်းပြီ မြန်မြန်သွားကြမယ်..."
ထယ်ယောင်း ပြောပြောဆိုဆိုနဲ့ဘဲ ဘေးနားမှာရပ်ထားတယ့်သူ့ရဲ့ပြိုင်ကားအမဲ လေးပေါ်ကိုယ်အမြန်ပြေးတက်လိုက်သည်...။
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................